ပဲရစ် အိုလံပစ်ပြိုင်ပွဲနောက်ဆုံးနေ့ပွဲစဉ်တွေကို ပြင်သစ်နိုင်ငံမှာ ဒီနေ့ဆက်လက်ယှဉ်ပြိုင်ကြတာမှာ အမျိုးသမီးဘော်လီဘောပွဲမှာတော့ အီတလီအမျိုးသမီးအသင်း ဗိုလ်စွဲပြီး အိုလံပစ် ချန်ပီယံဖြစ်သွားပါတယ်။
သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အပစ်အခတ် ရပ်စဲကြဖို့ တရုတ်နိုင်ငံက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဦးဆောင်ဖျောင်းဖျနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန Mao Ning က ဘေဂျင်းမြို့တော် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာကို မြန်မာနိုင်ငံအခြေစိုက် တရုတ်သံရုံးရဲ့ လူမှုကွန်ရက်မှာ ဖော်ပြခဲ့တာပါ။
ရုရှားနိုင်ငံ Kursk နယ်စပ်ဒေသကို ယူကရိန်းတပ်ဖွဲ့တွေ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရက်အနည်းငယ်အကြာမှာပဲ ယူကရိန်းသမ္မတ Volodymyr Zelenskyy က သွယ်ဝိုက်ပြီး ဝန်ခံပြောဆိုလိုက်ပါတယ်။
ဂါဇာဒေသတောင်ပိုင်းမှာ နောက်ထပ်ဒေသခံတွေ ဘေးလွတ်ရာ ပြောင်းရွှေ့ကြဖို့ ဒီကနေ့ အစောပိုင်းမှာပဲ အစ္စရေး စစ်တပ်က အမိန့်ပေးလိုက်ပါတယ်။ ဂါဇာဒေသမြောက်ပိုင်းမှာ ယာယီခိုလှုံရာစခန်းအဖြစ် သုံးနေတဲ့ စာသင်ကျောင်းတကျောင်းကို လေကြောင်းက တိုက်ခိုက်မှုကြောင့် အသေအပျောက်တွေ ရှိခဲ့ပြီးနောက် အခုလို အမိန့်ထုတ်လိုက်တာပါ။
ဗြိတိန်နိုင်ငံ တလွှားမှာ စနေနေ့က လူမျိုးရေးခွဲခြားမှု မရှိစေဖို့ ထောင်နဲ့ချီပြီး တောင်းဆိုဆန္ဒပြ ခဲ့ကြပါတယ်။ Southport မှာ မိန်းကလေးငယ် ၃ ဦး ဓားထိုး အသတ်ဖြတ်ခံရတဲ့နောက် လက်ယာစွန်းရောက်သူတွေက ပြောင်းရွှေ့ အခြေချသူတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်လာတာကို ဆန္ဒပြကြတာ ဖြစ်ပါတယ်။
ပါရီအိုလံပစ်အားကစားပြိုင်ပွဲရဲ့ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို စနေနေ့က ကစားရာမှာ အမေရိကန် အမျိုးသမီးဘောလုံးအသင်းက ဘရာဇီးလ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိပြီး ပဉ္စမမြောက် အိုလံပစ်ရွှေတံဆိပ် ဆွတ်ခူးသွားပါတယ်။
ယူကရိန်းတပ်တွေ ဝင်ရောက်လာတာကြောင့် အရေးပေါ် အခြေနေ ကြေညာထားတဲ့ ရုရှားတောင်ပိုင်းက Kursk ဒေသမှာ၊ ဒေသခံ ၇၆ ၀၀၀ ကျော်ကို ဘေးလွှတ်ရာ ရွှေ့ပြောင်း ပေးခဲ့တယ်လို့ ရုရှားအစိုးရ ဒေသဆိုင်ရာ အရေးပေါ်ဝန်ကြီးဌာနက ပြောပါတယ်။
ဗြိတိန်နိုင်ငံ တလွားမှာ စနေနေ့က လူမျိုးရေးခွဲခြားမှု မရှိစေဖို့ ထောင်နဲ့ချီပြီး တောင်းဆိုဆန္ဒပြ ခဲ့ကြပါတယ်။ မိန်းကလေးငယ် ၃ ဦး ဓါးထိုး အသတ်ဖြတ်ခံရတဲ့နောက် လက်ယာစွန်းရောက်သူ တွေက မွတ်စလင်တွေနဲ့ ပြောင်းရွှေ့ အခြေချသူတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွါးလာတာကို ဆန္ဒပြကြတာ ဖြစ်ပါတယ်။
ပါရီအိုလံပစ်အားကစားပြိုင်ပွဲရဲ့ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို စနေနေ့က ကစားရာမှာ အမေရိကန် အမျိုးသမီးဘောလုံးအသင်းက ဘရာဇီးလ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိပြီး ရွှေတံဆိပ် ဆွတ်ခူးသွားပါတယ်။
ယူကရိန်းတပ်တွေ ဝင်ရောက်လာတာကြောင့် အရေးပေါ် အခြေနေ ကြေညာထားတဲ့ ရုရှားတောင်ပိုင်းက Kursk ဒေသမှာ၊ ဒေသခံ ၇၆,၀၀၀ ကျော်ကို ဘေးလွှတ်ရာ ရွှေ့ပြောင်း ပေးခဲ့တယ်လို့ ရုရှားအစိုးရ ဒေသဆိုင်ရာ အရေးပေါ်ဝန်ကြီးဌာနက ပြောပါတယ်။
ပဲရစ် အိုလံပစ်ပြိုင်ပွဲတွေကို ပြင်သစ်နိုင်ငံမှာ ဒီနေ့ဆက်လက်ကျင်းပနေတာမှာ အမျိုးသား ဘော်လီဘောပြိုင်ပွဲမှာတော့ အိမ်ရှင်ပြင်သစ်က ပိုလန်ကို ၂၅-၁၉၊ ၂၅-၂၀၊ ၂၅-၂၃ နဲ့ ၃ ပွဲပြတ်အနိုင်ရပြီး ပထမရွှေတံဆိပ် ရသွားခဲ့ပြီး၊ မနေ့က တတိယနေရာလုပွဲမှာတော့ အမေရိကန်က အီတလီကို ၃ ပွဲပြတ်နဲ့နိုင်ပြီး ကြေးတံဆိပ် ရခဲ့ပါတယ်
ယူကရိန်းဘက်က ရုရှားနိုင်ငံထဲကို ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေကို ဟန့်တားဖို့အတွက်၊ ရုရှားက နယ်စပ်ဒေသ နေရာ ၃ ခုမှာ အကြမ်းဖက်မှု တန်ပြန်စစ်ဆင်ရေးတွေကို ဒီနေ့လုပ်ဆောင်လိုက်တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်