လက်ဘနွန်နိုင်ငံမှာ စစ်ဖြစ်ဖို့အခြေအနေတွေ ပိုတိုးလာနေတာကြောင့်၊ ပြည်ပနိုင်ငံသားတွေအနေနဲ့ လက်ဘနွန်နိုင်ငံကနေ တတ်နိုင်သမျှ အမြန်ဆုံးထွက်ခွာကြဖို့ ပြင်သစ်၊ ကနေဒါနဲ့ ဂျော်ဒန်နိုင်ငံတွေက အရေးပေါ် တိုက်တွန်းလိုက်ပါတယ်။
ဟာမတ်စ် နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh အီရန်နိုင်ငံ တီဟီရန်မြို့တော်မှာ သတ်ဖြတ်ခံခဲ့ရပြီးနောက်ပိုင်း ဒေသတွင်းက အခြေအနေတွေနဲ့ ပတ်သက်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးဖို့ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး Ayman Safadi ဒီကနေ့ လာရောက်မည်အကြောင်း အီရန်သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆန္ဒပြကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ အာဏာရပါတီကို ထောက်ခံသူတွေ အဓိကရုဏ်း ဖြစ်ပွားရာက လူ ၂၀ ကျော် သေဆုံးပြီး၊ ရာနဲ့ချီ ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြောင်း တာဝန်ရှိသူတွေနဲ့ သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာဒေသက ဆေးရုံဝင်းအတွင်း ယာယီတဲမှာ ခိုလှုံနေသူ ၄ ဦး အပါအဝင် လူ ၁၂ ယောက် သေဆုံးခဲ့ပါတယ်။ တချိန်တည်းမှာပဲ အစ္စရေးနိုင်ငံ Tel Aviv မြို့စွန်မှာ ပါလက်စတိုင်းတဦးက ဓားနဲ့ထိုးရာက ၂ ဦး သေဆုံးခဲ့တာပါ။
ဂါဇာ က အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေ ခိုလှုံရာ ကျောင်းတခုကို အစ္စရေးက စနေနေ့မှာ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ပါလက်စတိုင်း ၁၅ ဦး သေဆုံးခဲ့ပါတယ်။
ရုရှားထိန်းချုပ်ထားတဲ့ Sevastopol မြို့မှာ ရေငုပ်သင်္ဘော တစင်းကို နှစ်မြှုပ်ပစ်လိုက်တယ်လို့ ယူကရိန်း စစ်တပ်က စနေနေ့မှာ ပြောပါတယ်။
အင်္ဂလန် အနောက်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းတုန်းက မိန်းကလေးငယ် ၃ ဦး သတ်ဖြတ်ခံရမှုနောက်ပိုင်း မငြိမ်မသက် ဖြစ်နေတာ လေးရက်မြောက် ဖြစ်တဲ့ စနေနေ့မှာ ဗြိတိန်က လမ်းမတွေထက် အကြမ်းဖက်မှုတွေ ပြန်ပေါ်ပေါက်လာပြီး ရဲတပ်ဖွဲ့ဝင် အတော်များများ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဗီယက်နမ်သမ္မတ To Lam ကို ကွန်မြူနစ်ပါတီရဲ့ အကြီးအကဲအဖြစ် ဒီကနေ့ ဩဂုတ်လ ၃ ရက်နေ့မှာ အတည်ပြု ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ ဇူလိုင် ၁၉ ရက်နေ့က ကွယ်လွန်သွားတဲ့ ပါတီအကြီးအကဲနေရာမှာ အစားထိုး ခန့်အပ်လိုက်တာလည်း ဖြစ်ပါတယ်။
ရုရှား လေတပ်စခန်းနဲ့ ဆီသိုလှောင်ကန်တွေကို ယူကရိန်းက တိုက်ခိုက်ခဲ့တာမှာ မီးလောင်သွားခဲ့ကြောင်း ယူကရိန်းက ဒီကနေ့ ပြောလိုက်ပါတယ်။ ရုရှားရဲ့ Morozovsk လေတပ်စခန်းနဲ့ ရုရှားဒေသ (၃) ခုက လောင်စာဆီ သိုလှောင်ကန်ကြီးတချိုကို မနေ့ညပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ထုတ်ပြန်လိုက်တာပါ။
ဆိုမာလီနိုင်ငံက မိုဂါဒစ်ရှုးမြို့က လူစည်ကားတဲ့ ကမ်းခြေကို al-Shabab စစ်သွေးကြွတွေ သောကြာနေ့ညက တိုက်ခိုက်တာကြောင့် ၃၂ ယောက်ထက်မနည်း သေဆုံးပြီး ၆၃ ယောက် ဒဏ်ရာရသွားတယ်လို့ ဆိုမာလီ ရဲတပ်ဖွဲ့ပြောခွင့်ရ ဗိုလ်မှူး Abdifatah Hassan က ပြောပါတယ်။
အစ္စရေးက သိမ်းယူထားတဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသက ကားတစင်းကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၅ ယောက် သေဆုံးသွားတယ်လို့ အစ္စရေးစစ်တပ်နဲ့ ပါလက်စတိုင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်ဦးဆောင်တဲ့ (UNC) ကုလသမဂ္ဂကွပ်ကဲမှုတပ်ဖွဲ့ထဲ ဂျာမနီနိုင်ငံက သောကြာနေ့မှာ တရားဝင်ပူးပေါင်း ပါဝင်လိုက်ပါတယ်။ UNC အဖွဲ့ဝင်နိုင်ငံတွေက တောင်ကိုရီယားအပေါ် မြောက်ကိုးရီးယားရဲ့ ကျုးကျော်ရန်စမှုတွေကို ခုခံကာကွယ်ဖို့ ကတိကဝတ်ပြုထားတာပါ။
နောက်ထပ်ကြည့်ရှုရန်