ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ဆက်လက် ကူညီစောင့်ရှောက်မယ့်အကြောင်း ကြားဖြတ်အစိုးရခေါင်းဆောင် Muhammad Yunus က ဒီကနေ့ ပြောလိုက်ပါတယ်။
ယူကရိန်း လေတပ်ဦးစီးချုပ်နဲ့ ရုရှားဒေသန္တရ အုပ်ချုပ်ရေးမှူးတို့ကလည်း Seim မြစ်ပေါ်က တံတားကို ယူကရိန်းတပ်ဖွဲ့တွေ ဖျက်ဆီးခဲ့ကြောင်း ဒီကနေ့ပဲ အတည်ပြုခဲ့ကြတာပါ။
ဗီယက်နမ် ထိပ်တန်းခေါင်းဆောင် To Lam ရဲ့ ၃ ရက်ကြာ တရုတ်နိုင်ငံခရီးစဉ် ဒီကနေ့ပဲ စတင်လိုက်ကြောင်း တရုတ်နိုင်ငံပိုင် သတင်းက ဖော်ပြလိုက်ပြီး၊ သမ္မတ Xi Jinping ဝန်ကြီးချုပ် Li Qiang အပါအဝင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ်လို့လည်း နိုင်ငံခြားရေးဌာနက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ Paetongtarn Shinawatra ကကျဆင်းနေတဲ့ တိုင်းပြည်စီးပွားရေးကို ပြန်လည် ထူထောင်မယ်လို့ ဒီကနေ့ပဲ ကတိပြုလိုက်ပါတယ်။
ဂါဇာဒေသက ၁၀ လကြာ စစ်ပွဲ အဆုံးသတ်နိုင်မယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရနိုင်အောင် သံတမန်ရေးအရ တွန်းအားပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဒီကနေ့ အစ္စရေးကို သွားရောက်နေပါတယ်။
တူရကီနိုင်ငံ အနောက်ပိုင်း ဒေသတလွှားလောင်နေတဲ့ တောမီးဟာ လေပြင်းတိုက်ခတ်မှုနဲ့ အပူရှိန်မြင့်မားမှုကြောင့် ၃ ရက်ကြာတဲ့အထိ မငြှိမ်းသတ်နိုင်သေးပဲ ဆက်လက် လောင်ကျွမ်းနေတယ်လို့ တူရကီအာဏာပိုင်တွေက ပြောပါတယ်။
အမေရိကန်၊ အီဂျစ်နဲ့ ကာတာနိုင်ငံတွေက အရာရှိတွေ ဒိုဟာမှာ ၂ ရက်ကြာ ညှိနှိုင်းဆွေးနွေးမှုကနေ ဂါဇာစစ်ပွဲ အတွက် အပစ်ရပ်သဘောတူညီမှုနဲ့အတူ ဟားမတ်စ်တွေဖမ်းထားတဲ့ အစ္စရေး ဓါးစာခံ အများအပြား ပြန်လွတ်လာနိုင်မယ်လို့ မျှော်လင့်ထားကြတာပြီး လာမယ့် သီတင်းပတ်ထဲ ကိုင်ရိုမှာ အပစ်ရပ် အကောင်ထည်ဖေါ်ရေး စီစဉ်ထားတာပါ။
အိန္ဒိယနိုင်ငံမှာ ဆရာဝန်တွေ သပိတ်မှောက်နေကြတဲ့အတွက် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်ဆိုင်းနေပါတယ်။ အလုပ်သင်ဆရာဝန် အမျိုးသမီးတဦး မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရမှုကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ နိုင်ငံတဝန်းက သပိတ်မှောက်ဆန္ဒပြနေကြတာပါ။
အင်ဒိုနီးရှားနိုင်ငံမှာ ဒီနေ့ကျရောက်တဲ့ ၇၉ နှစ်ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို မြို့တော်သစ်လုပ်မယ့် နုဆန်တရာ (Nusantara) မြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီနေ့အခမ်းအနားမှာ သမ္မတ Joko Widodo မိန့်ခွန်းပြောဆို
ဟိန္ဒူအများစုနေထိုင်တဲ့ အိန္ဒိယနိုင်ငံဟာ အိမ်နီးချင်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ယဉ်ကျေးမှုအရရော၊ စီးပွါးရေး အရပါ ခိုင်မာတဲ့ ဆက်နွယ်မှု ရှိနေတာကြောင့် အခုလို ဟိန္ဒူတွေအပေါ် တိုက်ခိုက်မှုတွေ တိုးလာတာကို စိုးရိမ်ကြောင်း မိုဒီ အစိုးရက ပြောကြားခဲ့ပါတယ်။
ဂါဇာအပစ်ရပ်ရေး အရင်က သဘောတူညီထားတဲ့ အချက်တွေနဲ့ သဘောထားကွဲနေသေးတဲ့ အချက်တွေကြား ကွာဟမှုကို ဆက်စပ်ပေးနိုင်မယ့် အဆိုပြုချက်ကို အစ္စရေးနဲ့ ဟားမတ်စ်တို့အား ချပြခဲ့တယ်လို့ ကြားဝင်ဆောင်ရွက်နေသူတွေက သောကြာနေ့မှာ ကြေညာပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို တရုတ်နိုင်ငံက ထောက်ခံပံ့ပိုးသွားမယ့်အကြောင်းနဲ့ ဒေသတွင်း အာဆီယံအဖွဲ့ကြီးရဲ့ မြန်မာ့အရေး အဖြေရှာနိုင်အောင် ကြိုးပမ်းမှုတွေကို ထောက်ခံတဲ့အကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်