အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျတို့နဲ့အတူ ဖိလစ်ပိုင်နိုင်ငံက ၂ ရက်ကြာ ရေကြောင်းနဲ့ လေကြာင်းဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတွေ ဒီကနေ့ ဩဂုတ်လ ၇ ရက်နေ့မှာ စတင်ပြုလုပ်ကြောင်း ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဗြိတိန်နိုင်ငံမှာ မူဆလင် ဆန့်ကျင်ရေး အဓိကရုဏ်းတွေ နောက်ထပ် ထပ်ပေါ်ပေါက်နေတာကြောင့် ရဲတပ်ဖွဲ့က နှိမ်နှင်းနေပါတယ်။ တိုင်းပြည်တဝန်း နိုင်ငံရေး ခိုလှုံခွင့်လျှောက်ထားတဲ့ ရုံးတွေနဲ့ ရွှေ့ပြောင်းဝင်လာသူတွေကို ကူညီပေးနေတဲ့ ရှေ့နေ ရုံးတွေကို တိုက်ခိုက်မယ်ဆိုပြီး လက်ယာစွန်းအဖွဲ့တွေက ခြိမ်းခြောက်နေပါတယ်။
ထိုင်းနိုင်ငံရဲ့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ Move Forward Party ကို ဖျက်သိမ်းဖို့ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။ ပါတီခေါင်းဆောင် Pita Limjaroenrat နဲ့ တခြား ထိပ်တန်းခေါင်းဆောင် ၁၀ ယောက်ကိုလည်း ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ၁၀ နှစ်ပိတ်ပင်လိုက်ပါတယ်။
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် Muhammad Yunus ဟာ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရကို ဦးဆောင်မယ်လို့ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ သမ္မတပြောရေးဆိုခွင့်ရှိသူက ကြေညာလိုက်ပါတယ်။
ကမ္ဘာကျော် ဘောလုံးသမား လီယွန်နယ် မက်ဆီရဲ့ အိမ်စည်းရိုး တံတိုင်း ဩဂုတ်လ ၆ ရက်နေ့က ဆေးနဲ့မှုတ်ခံရ ပါတယ်။ စပိန်နိုင်ငံက နာမည်ကျော် အပန်းဖြေကမ်းခြေကျွန်းဖြစ်တဲ့ အစ်ဘီဇာကျွန်းက လီယွန်နယ် မက်ဆီရဲ့ ခြံတံတိုင်းကို ဥတုရာသီထိန်းသိမ်းရေး လှုပ်ရှားသူတွေရဲ့ Futuro Vegetal အဖွဲ့ဝင်တွေ ဆေးနဲ့မှုတ်ခဲ့တာပါ။
နေအိမ်အကျယ်ချုပ်နဲ့ နှစ်အတန်ကြာ ထိန်းသိမ်းခံထားရတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း Khaleda Zia ကို ဒီကနေ့ ဩဂုတ်လ ၆ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ပါပြီ။
ထိုင်းနိုင်ငံရဲ့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ Move Forward Party ကို ဖျက်သိမ်းမယ် မသိမ်းဘူးဆိုတာ မနက်ဖြန် ဗုဒ္ဓဟူးနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေ ပေါ်လာပေမဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဆက်လက် လက်ခံထားဖို့ အရေးကြီးတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Matthew Miller က မနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကြားဖြတ်အစိုးရတရပ်ဖွဲ့စည်းလိုက်တာကို အမေရိကန်နိုင်ငံက ကြိုဆိုလိုက်ပါတယ်။ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နှင်းမှုကြောင့် ဝန်ကြီးချုပ်နုတ်ထွက်ပြီး ပြည်ပကိုတိမ်းရှောင်သွားခဲ့ပြီး တဲ့နောက် ဘင်္ဂလားဒေ့ရှ်မှာ ကြားဖြတ်အစိုးရဖွဲ့စည်းမယ်လို့ စစ်တပ်က ကြေညာလိုက်တာပါ။
ဗီယက်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ စစ်သင်္ဘောတစင်းဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဒီကနေ့ ဩဂုတ်လ ၅ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ကို ဆိုက်ကပ်ပြီး ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ စတင်ဖို့ ပြင်ဆင်နေပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လူအသေအပျောက်တွေ ဖြစ်ခဲ့တဲ့အထိ ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပြီးနောက် ဝန်ကြီးချုပ် Sheikh Hasina ဒီကနေ့ပဲ ရာထူးက နုတ်ထွက်သွားကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ကမ္ဘာအနှံ့ ပဋိပက္ခအသီးသီးအတွင်းကလူသားတွေအတွက် စိုးရိမ်မကင်းကြောင်းပြောဆိုသလို မြန်မာနိုင်ငံကိုလည်း မေ့ထားလို့မရဘူးလို့ မိန့်ကြားသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်