ပဲ့ထိန်းဒုံးကျည်တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတစင်းနဲ့ တိုက်ခိုက်ရေးလေယာဉ်တွေကို တင်ဆောင်ထားတဲ့ USS Abraham Lincoln လေယာဉ်တင် သင်္ဘောကို အရှေ့အလယ်ပိုင်းဒေသကို အမြန်ဆုံးစေလွှတ်သွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က တနင်္ဂနွေနေ့က ပြောပါတယ်။
ယူကရိန်းတောင်ပိုင်းက ရုရှားသိမ်းပိုက်ထားတဲ့ Zaporizhzhia နျူကလီးယားဓာတ်အားပေးစက်ရုံ တနင်္ဂနွေညက မီးလောင်မှုနဲ့ပတ်သက်ပြီး ရုရှားနဲ့ ယူကရိန်း တဘက်နဲ့ တဘက် အပြန်အလှန် စွပ်စွဲနေကြပါတယ်။
ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲဖို့၊ ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့နဲ့ စာနာမှု အကူအညီတွေကို အကန့်အသတ်မရှိ ပေးအပ်ခွင့်ရှိဖို့ တောင်းဆိုချက်တွေကို ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်နိုင်ငံခေါင်းဆောင်တွေက ပူးတွဲ ထောက်ခံလိုက်ပါတယ်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ သီတင်းနှစ်ပတ်ကျော်ကြာခဲ့တဲ့ အိုလံပစ်အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကျင်းပခဲ့ပြီး အိုလံပစ်အားကစားပွဲအလံကို ၂၀၂၈ နွေရာသီ အိုလံပစ်အားကစားပွဲကို လက်ခံကျင်းပမယ့် Los Angelese မြို့ဝန်ထံ လွှဲပြောင်းခဲ့ပါတယ်။
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာကျင်းပနေတဲ့ ၂၀၂၄ အိုလံပစ် ပိတ်ပွဲအခမ်းအနားကို ပြင်သစ်နိုင်ငံ အမျိုးသားအားကစားရုံမှာ ကျင်းပခဲ့ပါတယ်။
ဂရိနိုင်ငံမြို့တော်အနီး တောမီးဟာ ရာသီဥတုအပူနဲ့ လေတိုက်မှုကြောင့် အလျင်အမြန်ကြီးထွားတာကို မီးသတ်တပ်ဖွဲ့တွေက ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။ တောမီးကြောင့် ဂရိမြို့တော် အေသင်တဝိုက် မီးခိုးတိမ်တွေလွှမ်းခြုံနေပြီး အေသင်မြို့နားက Varnava ကျေးရွာမှာ ဒေသခံတွေ အိုးအိမ်စွ့န်ခွာ တိမ်းရှောင်ကြရပါတယ်။
ရုရှား အနောက်ခြမ်း Kursk ဒေသမှာ နေရာ ရုရှား-ယူကရိန်းနယ်စပ်ကနေ အတွင်းပိုင်း ကီလိုမီတာ ၃၀ အထိ ယူကရိန်းတပ်တွေ ဝင်လာတာကိုတားခဲ့တယ်လို့ ရုရှားက ပြောပါတယ်။ ပြီးခဲ့တဲ့ ၆ ရက်အတွင်း ရုရှားနိုင်ငံထဲ ယူကရိန်းတပ်တွေ ဝင်တိုက်ခဲ့တာကို ယူကရိန်းသမ္မတ Zelenskyy ကလည်း ပထမဆုံးအကြိမ် သွယ်ဝိုက်ပြီး ဝန်ခံခဲ့ပါတယ်။
ပဲရစ် အိုလံပစ်ပြိုင်ပွဲနောက်ဆုံးနေ့ပွဲစဉ်တွေကို ပြင်သစ်နိုင်ငံမှာ ဒီနေ့ဆက်လက်ယှဉ်ပြိုင်ကြတာမှာ အမျိုးသမီးဘော်လီဘောပွဲမှာတော့ အီတလီအမျိုးသမီးအသင်း ဗိုလ်စွဲပြီး အိုလံပစ် ချန်ပီယံဖြစ်သွားပါတယ်။
သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အပစ်အခတ် ရပ်စဲကြဖို့ တရုတ်နိုင်ငံက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဦးဆောင်ဖျောင်းဖျနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန Mao Ning က ဘေဂျင်းမြို့တော် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာကို မြန်မာနိုင်ငံအခြေစိုက် တရုတ်သံရုံးရဲ့ လူမှုကွန်ရက်မှာ ဖော်ပြခဲ့တာပါ။
ရုရှားနိုင်ငံ Kursk နယ်စပ်ဒေသကို ယူကရိန်းတပ်ဖွဲ့တွေ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရက်အနည်းငယ်အကြာမှာပဲ ယူကရိန်းသမ္မတ Volodymyr Zelenskyy က သွယ်ဝိုက်ပြီး ဝန်ခံပြောဆိုလိုက်ပါတယ်။
ဂါဇာဒေသတောင်ပိုင်းမှာ နောက်ထပ်ဒေသခံတွေ ဘေးလွတ်ရာ ပြောင်းရွှေ့ကြဖို့ ဒီကနေ့ အစောပိုင်းမှာပဲ အစ္စရေး စစ်တပ်က အမိန့်ပေးလိုက်ပါတယ်။ ဂါဇာဒေသမြောက်ပိုင်းမှာ ယာယီခိုလှုံရာစခန်းအဖြစ် သုံးနေတဲ့ စာသင်ကျောင်းတကျောင်းကို လေကြောင်းက တိုက်ခိုက်မှုကြောင့် အသေအပျောက်တွေ ရှိခဲ့ပြီးနောက် အခုလို အမိန့်ထုတ်လိုက်တာပါ။
ဗြိတိန်နိုင်ငံ တလွှားမှာ စနေနေ့က လူမျိုးရေးခွဲခြားမှု မရှိစေဖို့ ထောင်နဲ့ချီပြီး တောင်းဆိုဆန္ဒပြ ခဲ့ကြပါတယ်။ Southport မှာ မိန်းကလေးငယ် ၃ ဦး ဓားထိုး အသတ်ဖြတ်ခံရတဲ့နောက် လက်ယာစွန်းရောက်သူတွေက ပြောင်းရွှေ့ အခြေချသူတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်လာတာကို ဆန္ဒပြကြတာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်