လာမယ့်သီတင်းပတ်တွေအတွင်း တရုတ်သမ္မတ ရှီကျင့်ပင် (Xi Jinping) နဲ့ စကားပြောဖို့ သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အသင့်စောင့်နေတယ်လို့ အမေရိကန် လုံခြုံရေးအထူးအကြံပေး Jake Sullivan ကပြောကြားလိုက်ပါတယ်။ ဘေကျင်းမြို့တော်မှာ သမ္မတရှီနဲ့ ဒီနေ့ တွေ့ဆုံစဉ် Jake Sullivan ကပြောကြားခဲ့တာဖြစ်ပါတယ်။
ဟောင်ကောင်မှာ ဒီမိုကရေစီရေး အားပေးတဲ့ Stand News သတင်းဌာန နဲ့ ဒီသတင်းဌာနက အယ်ဒီတာချုပ်ဟောင်း နှစ်ဦးကို ဆူပူမှုတွေဖြစ်အောင် လှုံ့ဆော်မှုနဲ့ အပြစ်ရှိကြောင်း တရားရုံးက ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
၂၀၁၉ ခုနှစ်က ဟောင်ကောင်မှာ ရဲတွေကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်မှု နဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့သူ ၇ ယောက်ထဲက ၆ ယောက်ကို တရားသေ လွှတ်ပေးလိုက်ပြီး ၁ ယောက်ကို အပြစ်ရှိတယ်လို့ ဟောင်ကောင်က ဂျူရီအဖွဲ့က ဒီနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
Telegram လူမှုကွန်ရက်ပေါ်မှာ အသုံးပြုသူတွေကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ကုမ္ပဏီအကြီးအကဲမှာ တာဝန်ရှိတယ်ဆိုဟာ လုံးဝအဓိပ္ပါယ်မရှိဘူးလို့ Telegram အမှုဆောင်အရာရှိချုပ် Pavel Durov ရဲ့ ရှေ့နေက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် စစ်ဖြစ်နေတဲ့နိုင်ငံတွေမှာ ငြိမ်းချမ်းရေးရရှိပါစေကြောင်း ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis က ဗုဒ္ဓဟူးနေ့ လူထုဝတ်ပြုဆုတောင်းပွဲမှာ ဆုတောင်းပေးခဲ့ပါတယ်။
အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ဗုဒ္ဓဟူးနေ့က ဒုတိယမြောက်နေ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာမှာ နှစ်နိုင်ငံခေါင်းဆောင်တို့ကြား တွေ့ဆုံဆွေးနွေးပွဲ ဖြစ်နိုင်ခြေ၊ တောင်တရုတ်ပင်လယ်ပြင် အရေးကိစ္စတွေလည်း ပါဝင်ပါတယ်။
သိမ်းပိုက်ခံအနောက်ဘက်ကမ်းကို အစ္စရေးလ်တပ်ဖွဲ့တွေက ဗုဒ္ဓဟူးနေ့မှာ ဝင်ရောက် စီးနင်းတိုက်ခိုက်ပြီး လေကြောင်းကလည်း တိုက်ခိုက်တာကြောင့် အနည်းဆုံး ပါလက်စတိုင်း တိုက်ခိုက်ရေးသမား ၉ ဦး သေဆုံးပြီး မတည်မငြိမ်ဖြစ်နေတဲ့ Jenin မြို့ကိုလည်း ဝိုင်းရံထားပါတယ်။
ဂျပန်နိုင်ငံအနောက်တောင်ပိုင်းကို အင်အားပြင်းတိုင်ဖုန်းမုန်တိုင်း Shanshan ဦးတည်တိုက်ခတ်ဖို့ရှိတာကြောင့် လူထောင်နဲ့ချီကို ဘေးလွတ်ရာပြောင်းရွှေ့ကြဖို့အမိန့်ထုတ်ထားပါတယ်။ တိုင်ဖွန်း Shanshan ဟာ ဒီကနေ့ ကျူရှူးကျွန်းတောင်ပိုင်း ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားတာပါ။
တောင်တရုတ်ပင်လယ်ပြင်မှာ ဖိလစ်ပိုင်သင်္ဘောတွေကို စောင့်ရှောက်လိုက်ပါပေးဖို့ ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး တိုင်ပင်လာမယ်ဆိုရင် တံခါးဖွင့်ထားပါတယ်လို့ အမေရိကန်ရေတပ်က အင်္ဂါနေ့က ပြောလိုက်ပါတယ်။
ရုရှား-ယူကရိန်းစစ် မြန်မြန် အဆုံးသတ်ရေးကို သူထောက်ခံတယ်လို့ ယူကရိန်းကိုသွားခဲ့ပြီး ရက်အတော်ကြာမှာ အိန္ဒိယဝန်ကြီးချုပ် နရိန်ဒြာ မိုဒီက ရုရှားသမ္မတပူတင်ကို ပြောပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ တယ်လီဖုန်းပြောပြီး နောက်တရက် အင်္ဂါနေ့ ရုရှားခေါင်းဆောင်နဲ့ ဆွေးနွေးရာမှာ မိုဒီက ခုလို ပြောလိုက်တာပါ။
ရုရှား Kursk ဒေသမှာ ၁,၃၀၀ စတုရန်း,ကီလိုမီတာကို ယူကရိန်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားလိုက်ပြီး ရုရှားတပ်သား ၅၉၄ ယောက်ကို အကျဥ်းသားအဖြစ် ဖမ်းဆီးထားတယ်လို့ ယူကရိန်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အိုလက်ဇန်းဒါး ဆရစ်စကီး (Oleksandr Syrskyi) က အင်္ဂါနေ့က ပြောပါတယ်။
ဂျပန်လေပိုင်နက်ထဲ တနင်္လာနေ့က ကျူးကျော်ခဲ့တဲ့ တရုတ်စစ်ဘက်လေယာဥ်တစင်းကို ဂျပန် တိုက်ခိုက်ရေးဂျက်လေယာဥ်တွေနဲ့ သတိပေးနှင်ထုတ်ခဲ့ရကြောင်းနဲ့ နာဂါဆာကီစီရင်စုထဲက Danjo ကျွန်းစုလေပိုင်နက်ထဲကို တရုတ်စစ်လေယာဥ်ကျူးကျော် ဝင်ရောက်လာကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာအတည်ပြုထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်