ဂျပန်လေပိုင်နက်ထဲ တနင်္လာနေ့က ကျူးကျော်ခဲ့တဲ့ တရုတ်စစ်ဘက်လေယာဥ်တစင်းကို ဂျပန် တိုက်ခိုက်ရေးဂျက်လေယာဥ်တွေနဲ့ သတိပေးနှင်ထုတ်ခဲ့ရကြောင်းနဲ့ နာဂါဆာကီစီရင်စုထဲက Danjo ကျွန်းစုလေပိုင်နက်ထဲကို တရုတ်စစ်လေယာဥ်ကျူးကျော် ဝင်ရောက်လာကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာအတည်ပြုထားပါတယ်။
ဟာမတ်စ်အဖွဲ့ နိုင်ငံရေးခေါင်းဆောင် ပြီးခဲ့တဲ့လအတွင်း လုပ်ကြံ သတ်ဖြတ်ခံရမှုအတွက် အီရန်အနေနဲ့ သေချာ တွက်ချက်ပြီး မဖြစ်မနေ လက်စားချေသွားမယ်လို့ အီတလီ နိုင်ငံခြားရေးဝန်ကြီးကို အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araqchi က ပြောပါတယ်။
Telegram တည်ထောင်ဖန်တီးသူ Pavel Durov ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဖမ်းဆီး ထိန်းသိမ်းခံရတာနဲ့ ပတ်သက်လို့ ဘာမှ ဖုံးကွယ်ထားတာ မရှိတဲ့အကြောင်း နဲ့ သူတည်ထောင်တဲ့ App ကို အလွဲသုံးစားလုပ်တာနဲ့ ပတ်သက်လို့ ပိုင်ရှင်ကို ဖမ်းဆီးတာဟာ အဓိပ္ပာယ်မရှိတဲ့အကြောင်း Telegram app က ကြေညာချက် ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံမှာ မုတ်သုံမိုးသည်းထန်စွာရွာတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့တယ်လို့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူတွေက ဒီကနေ့ ဩဂုတ်လ ၂၆ ရက်နေ့မှာ ပြောပါတယ်။ ဒီသီတင်းပတ်အတွင်း ရုတ်တရက် ရေကြီးရေလျှံမှုတွေ ထပ်ပြီး ဖြစ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။
မြောက်ကိုရီးယား ပြည်တွင်းဖြစ် ဒရုန်းယာဉ်တွေ စမ်းသပ်တာကို ခေါင်းဆောင် Kim Jong Un စစ်ဆေး ကြည့်ရှု့ခဲ့တဲ့အကြောင်း နိုင်ငံပိုင် KCNA သတင်းကဖော်ပြပါတယ်။ ခေါင်းဆောင် Kim Jong Un က စနေနေ့က ကာကွယ်ရေးသိပ္ပံ အကယ်ဒမီကို သွားရောက်ပြီးတော့ ဒရုန်းယာဉ်တွေ စမ်းသပ် ပျံသန်းတာကို စစ်ဆေးကြည့်ရှုခဲ့တာပါ။
ရုရှားရဲ့ နယ်စပ်ဒေသ Belgorod ကို ယူကရိန်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ လူ ငါးဦးသေဆုံး တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တချိန်တည်းမှာတော့ ယူကရိန်းအရှေ့ခြမ်းက ဟိုတယ်တခုကို ရုရှားတပ်တွေ တိုက်ခိုက်လို့ သတင်းထောက်တဦးပျောက်ဆုံးနေပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းက ကမ္ဘာ့လှည့်ခရီးသွားတွေ အလာများတဲ့ ဖူးခက်ဒေသမှာ မိုးအကြီးအကျယ် ရွာသွန်းပြီး မြေပြိုကျတာကြောင့် မြန်မာ ၉ ဦး အပါအဝင် လူ ၁၃ ယောက် သေဆုံးသွားတယ်လို့ ထိုင်အာဏာပိုင်တွေက ဒီနေ့ ပြောပါတယ်။
ဂျာမနီနိုင်ငံအနောက်ပိုင်း Solingen မြို့မှာ လူ ၃ ယောက် သေဆုံး၊ ၈ ယောက် ဒဏ်ရာရခဲ့တဲ့ ဓားနဲ့ထိုး တိုက်ခိုက်မှုမှာ မသင်္ကာသူအဖြစ် ဖမ်းဆီးထားသူဟာ အသက် ၂၆ နှစ်အရွယ် ဆီးရီးယားအမျိုးသားဖြစ်ကြောင်း ဒီကနေ့ အစောပိုင်းမှာပဲ အာဏာပိုင်တွေက ပြောလိုက်ပါတယ်။
Telegram အင်တာနက် ဆက်သွယ်ရေးလူမှုကွန်ရက် တည်ထောင်သူလည်းဖြစ်၊ အမှုဆောင်အရာရှိချုပ်လည်းဖြစ်တဲ့ ရုရှား-ပြင်သစ် ကုဋေကြွယ်သူဋ္ဌေး Pavel Durov ကို ပါရီမြို့စွန်က Bourget လေဆိပ်မှာ မနေ့နှောင်းပိုင်းကပဲ ဖမ်းဆီးလိုက်ကြောင်း ပြင်သစ်ရုပ်သံဌာနတွေက ဖော်ပြလိုက်ကြပါတယ်။
Hezbollah အဖွဲ့ကို လက်ဦးမှုယူ တိုက်ခိုက်မှုအဖြစ် အစ္စရေးက ပြောဆိုလိုက်ပြီး လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ ဒီကနေ့ အစောပိုင်း လေကြောင်းက အပြင်းအထန် တိုက်ခိုက်ခဲ့ပါတယ်။
အိန္ဒိယအရှေ့မြောက်ပိုင်းက Tripura ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံတာနဲ့ အတူ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တဲ့ အတွက် သေဆုံးသူ ၂၃ ဦးထက် မနည်းရှိနေသလို လူပေါင်း ၆ သောင်းခွဲကျော် နေအိမ်တွေ စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ သောကြာနေ့မှာ အာဏာပိုင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ အတွင်း ရိုဟင်ဂျာတွေ အပါအဝင် ရခိုင်က လူမှုအသိုင်းအဝန်းတွေ အစုအလိုက်အပြုံလိုက် ထွက်ပြေးခဲ့တဲ့ ဖြစ်ရပ် ၇ နှစ် ပြည့်ချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်