မြန်မာနဲ့ ထိုင်းနယ်စပ်အနီး ရွှေတြိဂံဒေသ အထူးစီးပွားရေးဇုန်မှာ အွန်လိုင်းဆိုက်ဘာလိမ်လည်မှုတွေကျုးလွန်ဖို့ မတရားခိုင်းစေခံထားရတဲ့ ဖိလစ်ပိုင်အလုပ်သမားတွေကို ဒီကနေ့စပြီး လာအိုနိုင်ငံကနေ နေရပ်ကို ပြန်ခေါ်နေပြီလို့ ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံ အနောက်ပိုင်းမှာ အကြီးအကျယ် ရေကြီးမှုကြောင့် သေဆုံးသူ ၁၃ ယောက်ထက်မနည်းရှိနေပြီး လူပေါင်း ၄ သန်းခွဲ ရေဘေးဒုက္ခရောက်နေကြတယ်လို့ အစိုးရက ပြောပါတယ်။ နိုင်ငံထဲက ခရိုင်ပေါင်း ၆၄ ခုထဲက ၁၁ ခုရေကြီးတဲ့ဒဏ်ခံနေရတယ်လို့ ကယ်ဆယ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
အစ္စရေးနဲ့ Hamas စစ်သွေးကြွအဖွဲ့ကြား အပစ်အခတ်ရပ်ရေး သဘောတူညီမှုရဖို့ အမေရိကန်၊ အီဂျစ်နဲ့ ကာတာနိုင်ငံတွေက တွန်းအားပေးကြိုးစားနေပေမဲ့ ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းမှာ ဒီနေ့လည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
အရည်အသွေးမြင့်မားတဲ့ ဒီစိန်ကို မိုင်းထဲမှာ တွေ့ခဲ့ရပြီး သူ့ကို တူးဖေါ်ဖို့ X-ray နည်းပညာသုံးခဲ့ရကြောင်းနဲ့ ဒီစိန်ဟာ ထူးထူးခြားခြား ကြီးမားပြီး ကာရက်အားဖြင့် ၂,၄၉၂ ကာရက် ရှိကြောင်း လူကာရာ စိန်ကုမ္ပဏီ အကြီးအကဲ William Lamb က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
Botswana နိုင်ငံ ကာရိုဝီ စိန်တွင်းကနေ ကမ္ဘာ့ဒုတိယ အကြီးဆုံးဖြစ်တဲ့ ကာရက် ၂၅၀၀ နီးပါးရှိတဲ့ စိန်တုံးကြီး တပွင့်ကို တွေရှိခဲ့ပြီး၊ ဒီစိန်တုံးကြီးကို ကြာသပတေးနေ့မှာ ထုတ်ပြမှာ ဖြစ်ကြောင်း Botswana အစိုးရက ကြေညာပါတယ်။
ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံ နောက်ဆုံးနေ့ဖြစ်တဲ့ ကြာသပတေးနေ့ညပိုင်းမှာ လက်ရှိ ဒုသမ္မတ ကမ်မလာဟဲရစ်က သမ္မတလောင်းအဖြစ် အဆိုပြုချက်ကို တရားဝင် လက်ခံကြောင်း မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းတာ ၃ နှစ်ခွဲရှိလာပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ အစစ ချို့ယွင်းလာနေပေမယ့် နိုင်ငံတကာအသိုင်းဝိုင်းရဲ့ အရေးယူဆောင်ရွက်မှုမရပဲ ဖြစ်နေတာကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချက်ချင်း အရေးယူကိုင်တွယ်ပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီ အစည်းဝေးမှာ တောင်းဆိုလိုက်ပါတယ်။
အန္တရာယ်မားကြီးတဲ့ mpox မျောက်ကျောက်ရောဂါ မျိုးကွဲသစ် အကူးစက်ခံရသူလို့ သံသယရှိသူ တဦးကို ထိုင်းနိုင်ငံမှာ ပထမဆုံးတွေ့ရှိရကြောင်းနဲ့ သူဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ အာဖရိက ကနေ ထိုင်းနိုင်ငံကို လာရောက်ခဲ့တဲ့ ဥရောပ ခရီးသွားတဦးဖြစ်ကြောင်း ထိုင်းကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံကနေ ခိုးထုတ်ခံရတဲ့ ရှေးဟောင်း ဗုဒ္ဓဆင်းတုတွေ၊ ဟိန္ဒူနတ်ဘုရားရုပ်တုတွေ နိုင်ငံကို ပြန်ရောက်လာတဲ့အတွက် ဝန်ကြီးချုပ် ဦးဆောင်ပြီး အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။ Angkor ခမာ အင်ပါယာလက်ထက် ၉ ရာစုကနေ ၁၄ ရာစုကြားမှာရှိခဲ့တဲ့ ရှေးဟောင်းဆင်းတုတွေဖြစ်တယ်လို့ ကမ္ဘောဒီးယားအစိုးရက ပြောပါတယ်။
Astellas Pharma ဂျပန်ဆေးကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသားတယောက်ကို တရုတ်နိုင်ငံ ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးပြီး တရားမဝင် ရာဇဝတ်ကျူးလွန်မှုတွေအတွက် စွဲချက်တင်လိုက်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Mao Ning က ဒီနေ့ပြောကြားခဲ့ပါတယ်။
အစ္စရေးနဲ့ Hamas စစ်သွေးကြွအဖွဲ့ကြား အပစ်အခတ်ရပ်ရေး တိုက်တွန်းမှုတွေရှိနေချိန်မှာပဲ အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသနဲ့ လက်ဘနွန်တောင်ပိုင်းအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ဒီနေ့ ကြာသပတေးနေ့မှာ လုပ်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်