ဗီယက်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ စစ်သင်္ဘောတစင်းဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဒီကနေ့ ဩဂုတ်လ ၅ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ကို ဆိုက်ကပ်ပြီး ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ စတင်ဖို့ ပြင်ဆင်နေပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လူအသေအပျောက်တွေ ဖြစ်ခဲ့တဲ့အထိ ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပြီးနောက် ဝန်ကြီးချုပ် Sheikh Hasina ဒီကနေ့ပဲ ရာထူးက နုတ်ထွက်သွားကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ကမ္ဘာအနှံ့ ပဋိပက္ခအသီးသီးအတွင်းကလူသားတွေအတွက် စိုးရိမ်မကင်းကြောင်းပြောဆိုသလို မြန်မာနိုင်ငံကိုလည်း မေ့ထားလို့မရဘူးလို့ မိန့်ကြားသွားပါတယ်။
အင်္ဂလန်မြောက်ပိုင်းက Rotherham မြို့မှာ နိုင်ငံတွင်းခုံလှုံခွင့်လျှောက်ထားသူတွေရှိရာ ဟိုတယ်တခုကို ဆန္ဒပြသူတချို့ ဝင်ဖို့ကြိုးစားရင်း ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် Starmer က ဒီလုပ်ရပ်ကို အပြင်းအထန် ရှုတ်ချလိုက်ပြီး လက်ယာစွန်းလူဆိုးလူမိုက်တွေဆိုပြီး သုံးနှုန်းဝေဖန်ပါတယ်။
လက်ဘနွန်နိုင်ငံမှာ စစ်ဖြစ်ဖို့အခြေအနေတွေ ပိုတိုးလာနေတာကြောင့်၊ ပြည်ပနိုင်ငံသားတွေအနေနဲ့ လက်ဘနွန်နိုင်ငံကနေ တတ်နိုင်သမျှ အမြန်ဆုံးထွက်ခွာကြဖို့ ပြင်သစ်၊ ကနေဒါနဲ့ ဂျော်ဒန်နိုင်ငံတွေက အရေးပေါ် တိုက်တွန်းလိုက်ပါတယ်။
ဟာမတ်စ် နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh အီရန်နိုင်ငံ တီဟီရန်မြို့တော်မှာ သတ်ဖြတ်ခံခဲ့ရပြီးနောက်ပိုင်း ဒေသတွင်းက အခြေအနေတွေနဲ့ ပတ်သက်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးဖို့ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး Ayman Safadi ဒီကနေ့ လာရောက်မည်အကြောင်း အီရန်သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆန္ဒပြကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ အာဏာရပါတီကို ထောက်ခံသူတွေ အဓိကရုဏ်း ဖြစ်ပွားရာက လူ ၂၀ ကျော် သေဆုံးပြီး၊ ရာနဲ့ချီ ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြောင်း တာဝန်ရှိသူတွေနဲ့ သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာဒေသက ဆေးရုံဝင်းအတွင်း ယာယီတဲမှာ ခိုလှုံနေသူ ၄ ဦး အပါအဝင် လူ ၁၂ ယောက် သေဆုံးခဲ့ပါတယ်။ တချိန်တည်းမှာပဲ အစ္စရေးနိုင်ငံ Tel Aviv မြို့စွန်မှာ ပါလက်စတိုင်းတဦးက ဓားနဲ့ထိုးရာက ၂ ဦး သေဆုံးခဲ့တာပါ။
ဂါဇာ က အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေ ခိုလှုံရာ ကျောင်းတခုကို အစ္စရေးက စနေနေ့မှာ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ပါလက်စတိုင်း ၁၅ ဦး သေဆုံးခဲ့ပါတယ်။
ရုရှားထိန်းချုပ်ထားတဲ့ Sevastopol မြို့မှာ ရေငုပ်သင်္ဘော တစင်းကို နှစ်မြှုပ်ပစ်လိုက်တယ်လို့ ယူကရိန်း စစ်တပ်က စနေနေ့မှာ ပြောပါတယ်။
အင်္ဂလန် အနောက်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းတုန်းက မိန်းကလေးငယ် ၃ ဦး သတ်ဖြတ်ခံရမှုနောက်ပိုင်း မငြိမ်မသက် ဖြစ်နေတာ လေးရက်မြောက် ဖြစ်တဲ့ စနေနေ့မှာ ဗြိတိန်က လမ်းမတွေထက် အကြမ်းဖက်မှုတွေ ပြန်ပေါ်ပေါက်လာပြီး ရဲတပ်ဖွဲ့ဝင် အတော်များများ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဗီယက်နမ်သမ္မတ To Lam ကို ကွန်မြူနစ်ပါတီရဲ့ အကြီးအကဲအဖြစ် ဒီကနေ့ ဩဂုတ်လ ၃ ရက်နေ့မှာ အတည်ပြု ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ ဇူလိုင် ၁၉ ရက်နေ့က ကွယ်လွန်သွားတဲ့ ပါတီအကြီးအကဲနေရာမှာ အစားထိုး ခန့်အပ်လိုက်တာလည်း ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်