မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို တရုတ်နိုင်ငံက ထောက်ခံပံ့ပိုးသွားမယ့်အကြောင်းနဲ့ ဒေသတွင်း အာဆီယံအဖွဲ့ကြီးရဲ့ မြန်မာ့အရေး အဖြေရှာနိုင်အောင် ကြိုးပမ်းမှုတွေကို ထောက်ခံတဲ့အကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra (သက်ဆင် ရှင်နာဝတ်) ရဲ့ သမီး Paetongtarn Shinawatra (ပေထုံတန် ရှင်နာဝတ်) ကို ဝန်ကြီးချုပ်သစ်အဖြစ် ထိုင်းလွှတ်တော်က ဒီနေ့ သောကြာနေ့မှာ ရွေးချယ် တင်မြှောက်ခဲ့ပါတယ်။
အင်္ဂလိပ်ပရီးမီးယားလိဂ်အသင်းတခုဖြစ်တဲ့ တော့တင်ဟမ် ဟော့စပါး (Tottenham Hotspur) အသင်းရဲ့ ဘောလုံးကွင်းမှာဖွင့်ထားတဲ့ အနုပညာနဲ့ ဘောလုံးပြခန်း OOF မှာ ကမ္ဘာကျော် ဘောလုံးသမား လီယွန်နယ် မက်ဆီ (Lionel Messi) ကိုဂုဏ်ပြုပြီး ရွှေနဲ့ တစိတ်တပိုင်း ယက်ထားတဲ့ ဘောလုံးအင်္ကျီကို အဓိကထားပြသထားပါတယ်။
ဘင်္ဂလာဒေ့ရှ် နိုင်ငံမှာ ရာနဲ့ချီတဲ့ ကျောင်းသားဆန္ဒပြသူတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေဟာ ဖြုတ်အချခံရတဲ့ ဝန်ကြီးချုပ်ရှိတ်ဟာစီနာ ထောက်ခံသူတွေကို ဝါးရင်းတုတ်တွေ၊ သံပိုက်လုံးတွေနဲ့ရိုက်နှက်ပြီး သူမ ဖခင်လွတ်လပ်ရေး ခေါင်းဆောင် ရှိတ်မူဂျီဘာ ရာမန်ရဲ့ နေအိမ်ဟောင်းဆီ မသွားနိုင်အောင် တားဆီးခဲ့ကြပါတယ်။
ရုရှားပိုင်နက်ထဲဝင်ရောက်တိုက်ခိုက်နေတဲ့ ယူကရိန်းတပ်တွေဟာ ရုရှားပိုင် Kursk ဒေသက အကြီးဆုံးမြို့ဖြစ်တဲ့ Sudzha မြို့ကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီလို့ ယူ ယူကရိန်းသမ္မတ Volodymyr Zelenskyy က သူ့ရဲ့ X လူမှုမီဒီယာ အကောင့်မှာ ကြာသပတေးနေ့က ရေးတင်ထားပါတယ်။
ရုရှားနိုင်ငံ Kursk ဒေသကို ယူကရိန်းတပ်တွေ ဆက်လက် ထိုးစစ်ဆင်နေတာကြောင့် ဒီဒေသက လူ ၂ သောင်းကျော်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ ရုရှားအာဏာပိုင်တွေက မနေ့ ဗုဒ္ဓဟူးနေ့တုန်းက ကြေညာခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရဲ့ သမီး Paetongtarn Shinawatra ကိုဝန်ကြီးချုပ်သစ်ခန့်အပ်ဖို့ အာဏာရညွန့်ပေါင်းပါတီတွေ ရွေးချယ်လိုက်ပါတယ်။
ဂျပန်နိုင်ငံကမ်းရိုးတမ်းဒေသမှာ ငလျင်ကြီး လှုပ်ခတ်နိုင်တဲ့ အန္တရာယ်သတိပေးချက်ကို ပြန်လည်ဖယ်ရှားပေးလိုက်ပါပြီ။ ဒေသခံပြည်သူတွေအနေနဲ့ နေရပ်ပြန်သွားနိုင်ပြီး ပုံမှန်အတိုင်း ပြန်လည်နေထိုင် သွားလာနိုင်ပြီလို့ သဘာဝဘေးဒဏ် စီမံခန့်ခွဲရေးဝန်ကြီးက ဒီနေ့ကြာသပတေးနေ့မှာ ကြေညာပါတယ်။
အာဖရိကတိုက်မှာကူးစက်နေတဲ့ မျောက်ကျောက် ခေါ် mpox ရောဂါကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြေညာလိုက်ပါတယ်။ mpox ရောဂါနဲ့ပတ်သက်လို့ ကမ္ဘာတဝန်း ဘယ်လိုကိုင်တွယ်ဆောင်ရွက်ကြမလဲဆိုတာနဲ့ ဒီလို အရေးပေါ်အခြေအနေသတ်မှတ်ဖို့ WHO က ဗုဒ္ဓဟူးနေ့မှာ အစည်းအဝေးခေါ်ယူခဲ့ရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ မြန်မာနိုင်ငံကိုရောက်စဥ် စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ပြည်ပစွက်ဖက်မှုကိုဆန့်ကျင်ပြီး အမျိုးသားရင်ကြားစေ့ရေး မူဘောင်အောက်က ဆောင်ရွက်မှုတွေကို ထောက်ခံသွားမယ်လို့ ပြောခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းမှာဖော်ပြပါတယ်။
ဂျပန်ဝန်ကြီးချုပ် Fumio Kishida က လာမယ့် စက်တင်ဘာလမှာ ကျင်းပဖို့ရှိတဲ့ ပါတီတွင်း ခေါင်းဆောင်သစ် ရွေးချယ်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မှာမဟုတ်ကြောင်း ဒီကနေ့ ဩဂုတ်လ ၁၄ ရက်နေ့မှာ ရုတ်တရက် ကြေညာလိုက်တဲ့အတွက် ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်ကို ရွေးချယ်ကြရတော့မှာပါ။
ဂျက်တိုက်လေယာဉ်တွေနဲ့ အဆင့်မြင့် ဝေဟင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေအပါအဝင် ဒေါ်လာ ဘီလီယံ ၂၀ တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ အစ္စရေးကို ရောင်းချဖို့ အတည်ပြုလိုက်ပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့ ဩဂုတ်လ ၁၃ ရက်နေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်