ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး နှောင့်နှေး ကြန့်ကြာနေရတာဟာ လတ်တလော ကြုံနေရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့်လို့ မကြာခင် တာဝန်အဆုံးသတ်တော့မယ် မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် သတင်းတွေက ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် AA အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ လက်နက်ကိုင် ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကြား လူတွေ အစုလိုက် အသတ်ခံရတဲ့ အဖြစ်မျိုးတွေ တကျော့ပြန် ပြန်ပေါ်လာမှာ စိုးရိမ် ထိတ်လန့်မိတဲ့အကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီးက ကြေညာချက် ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ် လိုင်ဇာနဲ့ ဝိုင်းမော်အကြားက စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်းကို ဒီသီတင်းပတ်ကုန်က ပူးပေါင်းတပ်တွေနဲ့အတူ တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း KIA ကပြောပါတယ်။ တချိန်တည်းမှာပဲ ဝိုင်းမော်မြို့မှာ စစ်ရေးတင်းမာနေပြီး၊ ပူတာအို၊ မိုးမောက်၊ မံစီဘက်မှာလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။
"သူတို့ကတော့ ပိုက်ဆံအတုအတွက်နဲ့ ရာဇဝတ်မှုတွေအတွက် ဖမ်းတယ်ဆိုပေမဲ့လည်း အဲဒီမှာတော့ အထောက်အထားမဲ့တွေအတွက် အော်ပရေးရှင်းလုပ်တာတွေလည်းပါတာပေါ့။ ဘာကြောင့်လဲဆိုတာ့ အထောက်အထားနဲ့နေထိုင်တဲ့သူတွေ၊ အထောက်အထားမဲ့နေထိုင်နေတာတွေကော၊ အထောက်အထားရှိသူတွေကော ပါတာပေါ့။" (ဦးစိုးထက်သိမ်း-မလေး မြန်မာ့အရေးလှုပ်ရှားသူ)
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့သိမ်း တိုက်ပွဲမှာ ဒေသခံ ရိုဟင်ဂျာတွေ တိုက်ခိုက်ခံခဲ့ရကြောင်း စွပ်စွဲချက်တွေအပေါ် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ AA အာရက္ခတပ်တော် က ငြင်းဆန်ုလိုက်ပါတယ်။
အာရက္ခတပ်တော် (AA)အနေနဲ့ ရခိုင်မှာ လူမျိုး၊ ဘာသာ မခွဲခြားဘဲ အားလုံးကို အကာအကွယ်ပေးသွားမှာ ဖြစ်တယ်လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် Twan Mrat Naing က သူ့ရဲ့ လူမှုကွန်ရက် X စာမျက်နှာမှာ မေလ ၁၈ ရက် စနေနေ့က ပြောပါတယ်။
မြန်မာစစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီရက်ပိုင်း တွေ့ဆုံခဲ့ကြပေမဲ့ ရလဒ်မထွက်ဘဲ ပြီးဆုံးသွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်လိုက်ပြီလို့ အာရက္ခတပ်တော် AA က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဘူးသီးတောင်မြို့နယ်ဟာ စစ်ကောင်စီ တပ်စခန်းတွေ အများဆုံး တည်ရှိတဲ့ နေရာတခု ဖြစ်ပါတယ်။
ဖမ်းဆီးခံထားတဲ့ စစ်တွေအခြေစိုက် ဖွံ့ဖြိုးတိုးတက်ရေးသတင်းဌာန Development Media Group DMG ရဲ့ သတင်းထောက် ကိုထက်အောင်ကို အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်ပုဒ်မနဲ့ တရားစွဲဆိုထားတာဟာ အခြေအမြစ်မရှိ စွဲဆိုတာဖြစ်ပြီး ဒီစွပ်စွဲချက်ကို ပယ်ဖျက်ပေးဖို့ ICJ က မေလ ၁၆ ရက်နေ့တုန်းက တောင်းဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ သက်မွေးပညာသင်တန်းတွေအပါအဝင်၊ ပညာရေးအစီစဉ်တွေအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက အဆိုပြုခဲ့ပါတယ်။ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးခြင်းဖြင့် ဒုက္ခသည်တွေ နေရပ်ပြန်ရောက်တဲ့အခါ အထောက်အကူဖြစ်နိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေဟာ မေလ ၁၆ ရက်၊ ကြာသပတေးနေ့က စစ်ကြောင်းနဲ့ ရွာတွေထဲကို ၀င်ပြီး နေအိမ်တွေ မီးရှို့ အရပ်သားတွေကို သတ်ဖြတ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူတွေက ဗွီအိုအေကိုပြောပါတယ်။
အပူချိန်အမြင့်ဆုံးဒဏ် ခံနေရတဲ့ မကွေးတိုင်း၊ ချောက်မြို့မှာဆိုရင် သောက်သုံးရေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ မန္တလေးမြို့မှာလည်း အပူဒဏ်နဲ့ ဆက်စပ်တဲ့ လူနာတွေကို ပိုပြီး ကူညီပေးနေရတယ်လို့ ပရဟိတ ကူညီသူတွေက ပြောပြပါတယ်။
နောက်ထပ်ကြည့်ရှုရန်