TV
ဗွီအိုအေ မြန်မာပိုင်း စနေနေ့ နံနက်ခင်း (ဒီဇင်ဘာလ ၁၁ ရက်)
ဒီဇင်ဘာ ၁၁ - မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ လူပုဂ္ဂိုလ်တွေကို အမေရိကန်၊ ကနေဒါ နဲ့ ဗြိတိန် တို့က အရေးယူလိုက်တဲ့သတင်း၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းလုပ်ကြံဖို့ ကြံစည်မှု သံသယ တရားခံတွေက အပြစ်ရှိကြောင်းဝန်ခံလိုက်တဲ့သတင်း စတာတွေနဲ့အတူ မြန်မာပြည်လူ့အခွင့်အရေးအကြောင်းသတင်းဆောင်းပါး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်ဖက်က သတင်းပေးပို့ချက်တွေ နဲ့အတူ သီတင်းပတ်စဉ်ဆောင်းပါးတွေအနေနဲ့ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ။
ဗွီအိုအေ တပတ်အတွင်းသတင်း ( ဒီဇင်ဘာ ၁၁၊ ၂၀၂၁)
ကုလမြန်မာကိုယ်စားလှယ် ခန့်အပ်ရေးရွှေ့ဆိုင်းဖို့ ဆုံးဖြတ်၊ ဦးကျော်မိုးထွန်း ဆက်တာဝန်ယူ၊ မြန်မာစစ်ကောင်စီ အကြမ်းဖက်မှု နိုင်ငံတကာရှုတ်ချ၊ ကန်သမ္မတနဲ့ ရုရှသမ္မတ အွန်လိုင်းတွေ့ဆုံဆွေးနွေး၊ ဒီလို တပတ်အတွင်း သတင်း စုစည်းတင်ပြချက်၊ အာဏာရှင်ဆန့်ကျင်သူတွေနဲ့ စစ်ကောင်စီကြား တင်းမာမှုတိုးမြင့် သတင်းထောက်မှတ်စု၊ ဒါတွေကို ၂၀၂၁ ဒီဇင်ဘာ ၁၁ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရဒေီယိုညပိုင်း ဒီဇင်ဘာ၁၁၊၂၀၂၁
မြန်မာစစ်ကောင်စီကို အလျှော့မပေးဖို့ ကမ္ဘောဒီးယားကို ကန်တိုက်တွန်း G7၊ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး မြန်မာအကျပ်အတည်းဆွေးနွေးမည်၊ ဖေ့ဘုတ်ကို ရိုဟင်ဂျာဒုက္ခသည်များတရားစွဲမှုအလားအလာ စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာ ထူးခြားသတင်းတွေကို ထုတ်လွှင့်တင်ဆက်ပါမယ်။