TV
ဗွီအိုအေ မြန်မာနံနက်ခင်း ဒီဇင်ဘာလ ၁၉၊ ၂၀၂၁။
ကရင်ပြည်နယ် လေးကေ့ကော် ဒေသ စစ်ရေး နောက်ဆုံးရ အခြေအနေ၊ မကွေးတိုင်း ဂန့်ဂေါက တိုက်ပွဲ သတင်း၊ မြန်မာ့ လူ့အခွင့်အရေး အခြေအနေ ဆွေးနွေးထားတဲ့ အပတ်စဉ် ဒို့အသံ အစီအစဉ်၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင် ကမ္ဘာ၊ တပတ် အတွင်း မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်းရောက် သတင်းများ စုစည်းတင်ပြချက်တို့ကို ဒီမနက်ခင်းမှာ နားဆင်ရပါမယ်။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (ဒီဇင်ဘာ ၁၉၊ ၂၀၂၁)
ဆီးချို မဖြစ်အောင် ရှောင်ကျဉ်လိုက်နာသင့်တာတွေအကြောင်း လူထုနဲ့ကျန်းမာရေး၊ ကမ္ဘာတလွှားခရီးသွားမှာ အိမ်ဖြူတော် ခရစ္စမတ်ပွဲတော်၊ သတင်းထဲကသုတ မှတ်တမ်း ဓာတ်ပုံများ၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ သင်ခန်းစာနဲ့ စင်တာဘိုးဘိုးတွေရဲ့ ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၁ ဒီဇင်ဘာ ၁၉ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း ဒီဇင်ဘာ၁၉၊၂၀၂၁
ထိုင်းမြန်မာနယ်စပ် မြ၀တီမြို့အနီး တိုက်ပွဲပြင်းထန်၊ ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးမြှင့်တင်ပေးဖို့ ကုလကိုယ်စားလှယ်တိုက်တွန်း၊ မကွေးနှမ်းခါရွာစစ်ဆင်ရေးကြောင့် စစ်ဘေးဒုက္ခသည်ထောင်ဂဏန်းရှိနေ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာများ၊ ထူးခြားဆန်းပြားသတင်းများနဲ့ သတင်းထဲက သုတအစီအစဉ်တွေ ထုတ်လွှင့်ပေးဖို့ရှိပါတယ်။