TV
(၂၀၂၁ ဒီဇင်ဘာ ၄ ရက်) စနေ မနက် ဗွီအိုအေ ရေဒီယို/ရုပ်သံ
ဒီအစီအစဉ်မှာတော့ မြန်မာနိုင်ငံမှာ လုပ်ငန်းခွင်တွင်း အကြမ်းဖက် ဖိနှိပ်မှုတွေ တားဆီးဖို့ ILO တောင်းဆို ၊ အမျိုးသမီးတွေ ဆန္ဒမပါဘဲ လက်ထပ်ခွင့် မပြုဖို့ အာဖဂန်တာလီဘန်တွေ အမိန့်ထုတ်တဲ့ သတင်းတွေနဲ့အတူ ကပ်ရောဂါနဲ့ နိုင်ငံရေးအကျပ်အတည်းကြောင့် မြန်မာ့စီးပွားရေးထိခိုက်မှာကို ပြည်တွင်းပြည်ပ စိုးရိမ်နေကြ ၊ PDF အဖွဲ့တွေ ထောက်ပံ့မှု စွပ်စွဲချက်နဲ့ ရခိုင်ပြည်နယ်မှာ ဖမ်းဆီးမှုတွေရှိနေ ၊ တရုတ်နယ်စပ် ကန့်သတ်ချက်ကြောင့် ကြက်သွန်နီကုန်သည်တွေ ထိခိုက်နေ ...စတဲ့အကြောင်းတွေ နားဆင်ရပါမယ်။ အမျိုးသမီးကဏ္ဍ ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနည်းပညာ အပတ်စဉ်ကဏ္ဍတွေကိုလည်း တင်ဆက်ထားပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဒီဇင်ဘာ ၀၃၊ ၂၀၂၁)
ကုလမြန်မာကိုယ်စားလှယ် ခန့်အပ်ရေးဆုံးဖြတ်ဖို့ ရွှေ့ဆိုင်း၊ မြန်မာစစ်ကောင်စီ ဆန္ဒပြသူတွေကို သတ်ဖြတ်မှု ကြိုတင်ကြံစည်ဟု HRW ပြော၊ ကူးစက်မြန်အိုမီခရွန်ပိုးသစ် ကမ္ဘာ့နိုင်ငံတွေကို လျင်လျင်မြန်မြန်ပျံ့နှံ့၊ ဒီလို တပတ်အတွင်း သတင်း စုစည်းတင်ပြချက်၊ အာဏာသိမ်း ၁၀ လ ပြည့် မြန်မာနိုင်ငံ သတင်းထောက်မှတ်စု၊ ဒါတွေကို ၂၀၂၁ ဒီဇင်ဘာ ၄ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း ဒီဇင်ဘာ၎၊၂၀၂၁
တရုတ် လာအို နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး မြန်မာ့အရေးအမြင်ဖလှယ်ခဲ့၊ အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ချက်နဲ့ သေဆုံးသူ ၁၃၀၃ ဦးရှိပြီလို့ AAPP ထုတ်ပြန်၊ ကန်ပက်လက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တိုက်ပွဲဖြစ်ပွား၊ ဒီမိုကရေစီထိပ်သီးအစည်းအဝေး အမေရိကန်ကမကထပြုကျင်းပမည် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာသတင်းတို အစီအစဉ်တွေကို ထုတ်လွှင့်ပေးဖို့ရှိပါတယ်။