TV
ဗွီအိုအေ မြန်မာပိုင်း တနင်္ဂနွေနံနက်ခင်း (ဒီဇင်ဘာလ ၅ ရက်)
ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးအဖွဲ့ (CDF) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့သတင်း၊ တောင်ကိုရီးယားမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုနဲ့ သေဆုံးမှုများပြားနေတဲ့သတင်း၊ Omicron ကိုဗစ်ကပ်ရောဂါ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးသစ် ကာကွယ်ရေး ဆက်သွယ်မေးမြန်းချက်၊ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာသတင်း အစီအစဉ်တွေကို ထုတ်လွှင့်ပေးဖို့ရှိပါတယ်။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (ဒီဇင်ဘာ ၅၊ ၂၀၂၁)
ကူးစက်မြန်အိုမီခရွန်ပိုးသစ်အကြောင်း လူထုနဲ့ကျန်းမာရေး၊ ကမ္ဘာတလွှားခရီးသွားမှာ အိမ်ဖြူတော်ရဲ့ ခရစ္စမတ်မီးအလှထွန်းညှိမှုတွေ၊ လောင်စာဆီထုတ်လုပ်တဲ့နိုင်ငံများအကြောင်း သတင်းထဲက သုတ၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ သင်ခန်းစာနဲ့ ဇနီးအတွက် ကိုယ်ပိုင်တပ်ဂ်ျမဟာ ဆောက်ပေးသူ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၁ ဒီဇင်ဘာ ၅ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း ဒီဇင်ဘာ၅၊၂၀၂၁
ရန်ကုန်ဆန္ဒပြမှုကို ကားနဲ့တိုက် လူစုခွဲလို့ ထိခိုက်ဒဏ်ရာရသူများပြား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးကို မြန်မာစစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် သွားရောက်တွေ့ဆုံ စတဲ့သတင်းတွေနဲ့ မြန်မာ့အရေး၊ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှ ပေးစာများ၊ သတင်းတွေထဲက သုတ၊ ထူးခြားဆန်းပြားသတင်းများ စတဲ့ အစီအစဉ်တွေကို ထုတ်လွှင့်ပေးသွားဖို့ရှိပါတယ်။