TV
ဗွီအိုအေ မြန်မာနံနက်ခင်း ဒီဇင်ဘာလ ၁၃၊၂၀၂၁။
အမေရိကန်မှာ လေဆင်နှာမောင်း တိုက်ခိုက်ခဲ့မှုမှာ မြန်မာ တချို့လည်း ဘေးဒဏ်သင့်ခဲ့ရပါတယ်။ ထိုင်းဘက်မှာ စိတ်ကြွဆေးပြား သန်းချီ ဖမ်းမိမှု၊ ကမ္ဘာတလွှား ဒီမိုကရေစီ အရေး ညီလာခံ၊ ယူကရိန်းမှာ စစ်ရေး စိုးရိမ်နေမှု စတဲ့ သတင်းဆောင်းပါးတွေ၊ ကမ္ဘာ မြန်မာ မီဒီယာ မြင်ကွင်း၊ မြန်မာပြည်က ပေးစာ၊ သတင်းတွေထဲက သုတ ၊ ထူးခြားဆန်းပြား သတင်းများ အပတ်စဉ် ကဏ္ဍတွေကို နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၁၂-၁၃-၂၀၂၁)
ယူကရိန်းနယ်စပ် တလျှောက်မှာ ရုရှားနိုင်ငံက စစ်အင်အားအကြီးအကျယ် ချထားတာကို လျှော့ချပစ်ဖို့ G 7 ကမ္ဘာ့စက်မှု ထိပ်သီး ၇ နိုင်ငံက တောင်းဆို၊ လေဆင်နှာမောင်းဒဏ် အကြီးအကျယ်ခံခဲ့ရတဲ့ Kentucky ပြည်နယ်မှာ အပျက်အဆီးတွေအကြား အသက်ရှင်ကျန်ရစ်သူတွေ ရှိဦးမလား ဆိုတဲ့ မျှော်လင့်ချက်ရှာဖွေနေဆဲ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ဟာ အရှေ့တောင်အာရှသုံးနိုင်ငံ ခရီးစဉ် အစအဖြစ် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော် ကို ရောက်
VOA ရေဒီယိုညပိုင်း ဒီဇင်ဘာ၁၃၊၂၀၂၁
ဒေါ်အောင်ဆန်းစုကြည်အမှု မန်းဝန်ကြီးချုပ်သက်သေမလာနိုင်၊ ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ရိုဟင်ဂျာစခန်း သွားရောက်မည်၊ အသံတိတ်သပိတ်မှာပါဝင်တဲ့ နိုင်/ကျဉ်းများ ရိုက်နှက်အရေးယူခံရ၊ ရှမ်းပြည် မုံးကိုးမြို့တဝိုက် တိုက်ပွဲများပြင်းထန်နေ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ ဘလော်ဂါတွေပြောသမျှနဲ့ သက်တန့်ရောင်သတင်းလွှာတွေကို ထုတ်လွှင့်ပေးဖို့ရှိပါတယ်။