TV
ဗွီအိုအေ မြန်မာနံနက်ခင်း ဒီဇင်ဘာလ ၂၂၊ ၂၀၂၁။
ကရင်ပြည်နယ် လေးကေကော် ဒေသ တိုက်ပွဲတွေကို စစ်တပ်ဘက်က အဆုံးသတ်ဖို့ ကရင့်လက်နက်ကိုင်တပ် KNU က တောင်းဆိုလိုက်ပါတယ်။ ကော့ကရိတ်က တိုက်ပွဲတွေ၊ မလေးရှားမှာ ရေကြီးတာကြောင့် မြန်မာလုပ်သားတွေပါ ဒဏ်သင့်နေတဲ့ အကြောင်း၊ ထိုင်းမှာ အိုမီခရွန် ကူးစက်မှု တွေ့ရှိတဲ့ အကြောင်း သတင်းဆောင်းပါးတွေနဲ့ အတူ အမေရိကန် ကာကွယ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် အက်ဥပဒေထဲက မြန်မာ့ အရေး ပြဌာန်းချက် ဆွေးနွေးခန်း၊ အမေရိကန် နိုင်ငံရေးနဲ့ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်တို့ကိုလည်း နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၁၂-၂၂-၂၀၂၁)
ဖားကန့်မှာ ဒီကနေ့ မြေစာပုံ ပြိုကျခဲ့တာကြောင့် ပျောက်ဆုံးသူ အများအပြား ရှိနေ၊ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူ ၁၄ သန်းကျော် လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နိုင်ကြောင်း ကုလသမဂ္ဂ ခန့်မှန်း၊ ကမ္ဘာတဝှမ်း ၁၀၆ နိုင်ငံမှာ Omicron ပိုးသစ် ကူးစက်မှုတွေ ရှိနေကြောင်း WHO ပြောကြား စတဲ့ နောက်ဆုံးရ သတင်းတွေ တင်ပြထားပါတယ်။
VOA ရေဒီယိုညပိုင်း ဒီဇင်ဘာ၂၂၊၂၀၂၁
ဂျပန်အစိုးရရပ်တည်မှု ဂျပန်ရောက်မြန်မာတွေဝေဖန်၊ ရခိုင်မြောက်ပိုင်းမှာ လူမျိုးရေးပဋိပက္ခထပ်မကြုံစေဖို့ ULA/AA သတိပေး၊ ယင်းမာပင်အနောက်ခြမ်း တိုက်ပွဲပြင်းထန်၊ ဒေသခံကျေးရွာသားတွေထွက်ပြေးတိမ်းရှောင်ရ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ အပတ်စဉ်သတင်းသုံးသပ်ချက်နဲ့ အားကစားအစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။