TV
ဗွီအိုအေ မြန်မာနံနက်ခင်း ဒီဇင်ဘာ ၆ ၊၂၀၂၁
စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ကားနဲ့တိုက်ဖြိုခွင်းတဲ့သတင်း၊ စစ်ကောင်စီခေါင်းဆောင် က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦး ကို နေအိမ်မှာလာရောက်တွေ့ဆုံတဲ့သတင်း နဲ့ CNN ရုပ်သံသတင်း တင်ဆက်သူကို အလုပ်ထုတ်လိုက်တဲ့သတင်း စတာတွေနဲ့အတူ အမေရိကန်၊ မက္ကဆီကို နယ်စပ်ကာ တံတိုင်းပြခန်း နဲ့ အပတ်စဉ် ကဏ္ဍတွေအဖြင့် မြန်မာအရေးဆွေးနွေးခန်း၊ မီဒီယာမြင်ကွင်၊ မြန်မာပြည်မှပေးစာ၊ သတင်းထဲက သုတ တို့ဖြစ်ကြပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၁၂-၀၆-၂၀၂၁)
သမ္မတဦးဝင်းမြင့် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော် အထူးတရားရုံးက အမှု ၂ ခုအတွက် ထောင်ဒဏ် ၄ နှစ်စီ ချ၊ ဒီလိုထောင်ဒဏ်ချမှတ်တာကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း Yanghee Lee အပါအဝင် နိုင်ငံတကာက ရှုံချ၊ မြန်မာနိုင်ငံကို သွားဖို့ အစီအစဉ်ရှိပြီး စစ်ကောင်စီအနေနဲ့ အာဆီယံအစည်းအဝေးတွေ တက်ဖို့ ဖိတ်ကြားခံရသင့်တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ပြော
VOA ရဒေီယိုညပိုင်း ဒီဇင်ဘာ၆၊၂၀၂၁
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ထောင်ဒဏ် ၄ နှစ်စီ ချမှတ်၊ ကြည့်မြင်တိုင်ဆန္ဒပြပွဲ စစ်ကားနဲ့တိုက်ခံရတဲ့ ဒဏ်ရာရ အမျိုးသမီးသတင်းထောက် စိုးရိမ်ရဆဲ၊ ချင်း ကန်ပက်လက်မြို့မှာ CDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွား၊ ရန်ကုန် လှိုင်သာယာစည်ပင်ဈေးတခုနဲ့ အိမ်ရာတချို့ အင်အားသုံးဖြိုဖျက်ခံရ စတဲ့ သတင်းပေးပို့ချက်တွေနဲ့ အပတ်စဉ်ကဏ္ဍမှာ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ ဘလော်ဂါတွေပြောသမျှနဲ့ သက်တန့်ရောင်သတင်းလွှာတို့ကို ထုတ်လွှင့်ပေးပါမယ်။