TV
ဗွီအိုအေ မြန်မာနံနက်ခင်း ဒီဇင်ဘာလ ၂၁၊ ၂၀၂၁။
ဓာတ်ပုံ သတင်းထောက် တဦးကို တနင်္ဂနွေနေ့မှာ စစ်ကောင်စီက ထပ်ပြီး ဖမ်းဆီးခဲ့ပြီး မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေပါတယ်။ ချင်းပြည်နယ် မင်းတပ်မှာ တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကိုင်းတိုင်း ကနီမှာတော့ မြစ်ထဲကနေ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ရှောင်နေကြရတဲ့ အကြောင်း၊ ဖားကန့်မှာ မြေစာပုံ ပြိုကျမှု အတွင်း ပျောက်ဆုံးနေသူတွေကို ရှာဖွေနေတဲ့ နောက်ဆုံးရ အခြေအနေ သတင်းဆောင်းပါးတွေနဲ့ အတူ စီးပွါးရေး၊ ဘလော့ဂါတွေ ပြောသမျှနဲ့ သက်တန့်ရောင် သတင်းလွှာ အစီအစဉ်တို့ကို ထုတ်လွှင့်ပေးမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၁၂-၂၁-၂၀၂၁)
အမေရိကန် Texas ပြည်နယ်က အမျိုးသားတဦး Omicron ပိုး ကူးစက် သေဆုံး၊ လေးကေ့ကော်မှာ စခဲ့တဲ့တိုက်ပွဲတွေ ပို ကျယ်ပြန့် မလာအောင် မြန်မာစစ်တပ်ဘက်က ထိုးစစ်တွေ ရပ်ဖို့ KNU တောင်းဆို၊ မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ကူညီရေး ကူညီပေးနိုင်အောင် မကန့်သတ်ဖို့ ထိုင်းအစိုးရကို UNHCR က ပန်ကြား… စတဲ့နောက်ဆုံးရ သတင်းတွေ တင်ပြထားပါတယ်။
VOA ရဒေီယိုညပိုင်း ဒီဇင်ဘာ၂၁၊၂၀၂၁
မင်္ဂလာဒုံလေဆိပ်အနီးပေါက်ကွဲမှုဖြစ်၊ လုံခြုံရေးတပ်ပစ်ခတ်လို့တဦးသေဆုံး၊ ချင်း ဖလမ်းမြို့နယ်တွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတိုက်ပွဲဖြစ်ပွား၊ မန္တလေးကျောက်ဝိုင်း ကျောက်အရောင်းအဝယ်လုပ်သူ ၄၀၀ ခန့်ဖမ်းဆီးခံရ၊ မြန်မာပြည်က မွတ်ဆလင်နှစ်ထောင် ပြန်ပို့မယ်လို့ တရုတ်အကြောင်းကြား စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှားခရီးသွားနဲ့ အင်္ဂါည စကားဝိုင်းအစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ် ။