TV
ဗွီအိုအေမြန်မာပိုင်း အင်္ဂါနံနက်ခင်း (ဒီဇင်ဘာလ ၁၄ ရက်)
ဗွီအိုအေမြန်မာပိုင်း အင်္ဂါနံနက်ခင်း (ဒီဇင်ဘာလ ၁၄ ရက်) ဟောင်ကောင် ဒီမိုကရေစီရေးလှုပ်ရှားသူ ထောင်ဒဏ် ၁၃ လ ချမှတ်ခံရတဲ့ သတင်း အပါအ၀င် နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ ကနီ ချင်းတွင်းမြစ်ထဲ စစ်ကောင်စီရေယာဉ်တွေနဲ့ ဒေသခံကာကွယ်ရေးများ တိုက်ပွဲဖြစ်တဲ့အခြေအနေ၊ မလေးရှားရောက် တရားမဝင် ပြည်ပလုပ်သားတွေ ဒဏ်ကြေးသက်သာစစွာနဲ့ အိမ်ပြန်နိုင်ပြီဆိုတဲ့ သတင်းပေးပို့ချက်၊ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှ၊ သက်တန့်ရောင်သတင်းလွှာ စတာတွေကို နားဆင်ရမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၁၂-၁၄-၂၀၂၁)
အမေရိကန်ပြည်ထောင်စု ကန်တာကီပြည်နယ် လေဆင်နှာမောင်းဒဏ်ကြောင့် သေဆုံးသူ ၇၀ ကျော်ရှိနေပြီး ပျောက်ဆုံးသူ ၁၀၀ ကျော်၊ မြန်မာပြည်သူပြည်သားတွေရဲ့အခွင့်အရေးကို လေးစားမှုမရှိတဲ့ စစ်ခေါင်းဆောင်တွေကို ဆက်ပြီး ဆန့်ကျင်သွားမယ့်အကြောင်း အင်ဒိုနီးရှားနိုင်ငံကို ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ပြော၊ အိုမီခရွန် ကိုရိုနာ မျိုးကွဲသစ် ဗိုင်းရပ်စ် ပိုးကြောင့် သေဆုံးသူ တဦး ရှိသွားတဲ့ ဗြိတိန်နိုင်ငံမှာ ကာကွယ်ဆေးထိုးမယ့် သူတွေ တန်းစီ
VOA ရဒေီယိုညပိုင်း ဒီဇင်ဘာ၁၄၊၂၀၂၁
မြန်မာစစ်ခေါင်းဆောင်တွေကိုဖိအားပေးကြဖို့ အာရှရောက် ကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း၊ ကရင် လေးကေကော်မြို့သစ်ကို စစ်ကောင်စီတပ်တွေဝင်ပြီး တတ်ကြွလှုပ်ရှားသူတွေကိုဖမ်းဆီး၊ ကန်ပက်လက် ဘာသာရေးခေါင်းဆောင်တဦးဖမ်းခံရပြီးနောက် အလောင်းပြန်တွေ့ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှားခရီးသွားနဲ့ အင်္ဂါည စကားဝိုင်းအစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ် ။