TV
ဗွီအိုအေ မြန်မာပိုင်း ကြာသပတေးနံနက်ခင်း (ဒီဇင်ဘာလ ၂ ရက်)
ဗွီအိုအေ မြန်မာပိုင်း ကြာသပတေးနံနက်ခင်း (ဒီဇင်ဘာလ ၂ ရက်) ကုလဆိုင်ရာမြန်မာကိုယ်စားလှယ် ရွေးချယ်ရေးမယ့်ကိစ္စ စိစစ်ရေးကော်မီတီ ဆိုင်းငံ့လိုက်တဲ့သတင်းနဲ့အတူ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ ရခိုင်မှာ ကိုဗစ်ပိုးကူးစက်ခံရသူတွေတိုးလာနေတာ၊ ချင်းပြည်နယ် တီးတိန်မိုးကြောင့် မြေအက်ကွဲပြီး အိမ်တွေ ရွှေ့ပြေးရတဲ့အခြေအနေ၊ စစ်ကိုင်း မကွေး ဘက်ကတိုက်ပွဲတွေနဲ့ မဟာဗျူဟာအခြေအနေ စတာတွေနဲ့အတူ ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ လူထုနဲ့ကျန်းမာရေး၊ အားကစားကဏ္ဍ စတာတွေကို တင်ဆက်မှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၁၂-၀၂-၂၀၂၁)
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုမယ့်သူ နေရာအတွက် စိစစ်ရေး ကော်မတီ က ဆိုင်းငံ့၊ ရန်ကုန်မြို့ လှိုင်သာယာမှာ မတ်လ ၁၄ ရက်နေ့က ဆန္ဒပြသူ ၆၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက ပစ်ခတ် သတ်ဖြတ်ခဲ့မှုဟာ ကြိုတင် စီစဉ်ပြီးမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အစီရင်ခံ၊ မြန်မာနိုင်ငံတွင်းက အခြေအနေတွေနဲ့ တောင်တရုတ်ပင်လယ် အရေးကိစ္စတွေမှာ ဂျပန်နဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ဖို့ ဆွေးနွေး
ကြာသပတေးည ရေဒီယို/ရုပ်သံလွှင့်အစီအစဉ်
ဒီဇင်ဘာ ၂ - ကုလသမဂ္ဂကိုယ်စားပြုမှုဆိုင်ရာရလဒ် စစ်ကောင်စီက ဝေဖန်တဲ့သတင်း အပါအဝင် မြန်မာနဲ့ နိုင်ငံတကာသတင်းများ၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ဆက်သွယ်မေးမြန်းချက်နဲ့ NUG တုံ့ပြန်ချက်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ Sean Turnell ပါ ငါးဦးအမှု စစ်ဆေးတဲ့အခြေအနေ၊ ချင်းနဲ့ကယားမှာ မီးလောင်ပျက်စီးတဲ့ အိမ်ခြေ ၁,၀၀၀ နီးပါးရှိ။ သီတင်းပတ်စဉ် - မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာ။