TV
ဗွီအိုအေ မြန်မာ စနေနေ့ နံနက်ခင်း နိုဝင်ဘာလ ၂၇၊ ၂၀၂၁။
နိုဝင်ဘာ ၂၇ ။ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေနဲ့အတူ မြန်မာစစ်ကောင်စီပြောခွင့်ရသူရဲ့ ပြောဆိုချက်အပေါ်နိုင်ငံရေးလေ့လာသူတွေက မေးခွန်းထုတ်လိုက်တဲ့အကြောင်း၊ ထိုင်းအစိုးရက မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားတွေကို တရားဝင်ခေါ်ယူတော့မယ့်အကြောင်း၊ အိန္ဒိယက လယ်သမားတွေတောင်းဆိုတဲ့ လယ်ယာမြေဥပဒေတွေကို ပယ်ဖျက်ပေးလိုက်တဲ့ အကြောင်း နဲ့ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင့် နဲ့ သိပ္ပံနဲ့ နည်းပညာ တို့ကို နားဆင်ကြရမှာပါ။
ဗွီအိုအေ တပတ်အတွင်းသတင်း (နိုဝင်ဘာ ၂၇၊ ၂၀၂၁)
လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော် ဖမ်းဆီးမှု စကစ အကျယ်တဝံ့ရှင်းလင်း၊ NUG ငွေတိုက်စာချုပ်တွေ အရောင်းသွက်၊ ဥရောပ ကိုဗစ်ကူးစက်မှု မြင့်တက်၊ ဒီလို တပတ်အတွင်း သတင်း စုစည်းတင်ပြချက်၊ စစ်ကောင်စီအပေါ် ဒေသတွင်း ဖိအားပေးမှုများ သတင်းထောက်မှတ်စု၊ ဒါတွေကို ၂၀၂၁ နိုဝင်ဘာ ၂၇ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း နိုဝင်ဘာ၂၇၊၂၀၂၁
ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အာဆီယံဒေသခရီးစဉ် မြန်မာဖိအားပေးရေးဆွေးနွေးမည်၊ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများချက်ခြင်းရပ်ဖို့ အာရှဥရောပခေါင်းဆောင်တွေတိုက်တွန်း၊ မြန်မာလုံခြုံရေးတပ်တွေကြောင့်သေဆုံးသူ ၁၂၉၅ ဦးရှိပြီလို့ AAPP ထုတ်ပြန် စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာ၊ တပတ်အတွင်း နိုင်ငံတကာ အစီအစဉ်တွေကို ထုတ်လွှင့်ပေးပါမယ်။