TV
တနင်္ဂနွေ မနက်ခင်း ဗွီအိုအေ ရေဒီယို/ရုပ်သံ
၂၀၂၁ အောက်တိုဘာ ၃၁ ရက် မနက်အစီအစဉ်မှာတော့ စစ်ကောင်စီ ၀င်ငွေရမယ့်လုပ်ငန်းတွေ တားမြစ်ရေး Stop Blood Money နိုင်ငံတကာလှုပ်ရှားမှုကို နိုင်ငံတကာရောက် မြန်မာတွေ ဆန္ဒပြလှုပ်ရှားကြ ၊ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေအပေါ် အခွန်စည်းကျပ်ရေး G-20 သဘောတူတဲ့ သတင်းနဲ့အတူ ထန်တလန်နဲ့ မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်လာ စတဲ့ သတင်းလွှာနဲ့ ဒို့အသံ ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ စနေညစကားဝိုင်း အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (အောက်တိုဘာ ၃၁၊ ၂၀၂၁)
မြန်မာကိုယ်စားလှယ်မပါဘဲ အာဆီယံထိပ်သီးဆွေးနွေးပွဲ ကျင်းပမှု တုံ့ပြန်ချက်များ၊ ကာကွယ်ဆေးဆိုတာ ထိုးဖို့ လိုအပ်ကြောင်း လူထုနဲ့ကျန်းမာရေး၊ ကမ္ဘာတလွှားခရီးသွားနဲ့ သတင်းထဲက သုတ၊ ဒီအစီအစဉ်တွေကို ၂၀၂၁ အောက်တိုဘာ ၃၁ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း အောက်တိုဘာ၃၁၊၂၀၂၁
၂၀၂၁ ခုနှစ် ၊ အောက်တိုဘာ ၃၁ ရက် တနင်္ဂနွေညပိုင်း ဗွီအိုအေ ရေဒီယို/ရုပ်သံ အာဖရိကပင်လယ် La Palma ကျွန်းပေါ်က တစိမ့်စိမ့်ပေါက်ကွဲနေတဲ့ မီးတောင်၊ ကန်လွှတ်တော်မှာဆွေးနွေးဆဲ မြန်မာဥပဒေမူကြမ်း အလားအလာ၊ မီဒီယာမြင်ကွင်း၊ သတင်းတွေထဲက သုတ၊ မြန်မာပြည်မှ ပေးစာများ စတဲ့ အစီအစဉ်တွေကို နားဆင်၊ ကြည့်ရှု့ရဖို့ရှိပါတယ်။