TV
ဗွီအိုအေ မြန်မာနံနက်ခင်း အောက်တိုဘာလ ၁၇၊ ၂၀၂၁။
စစ်ကောင်စီ အကြီးအကဲကို အာဆီယံ ထိပ်သီး အစည်းအဝေး တက်ခွင့် မပြုမယ့် ဆုံးဖြတ်ချက်၊ ကမ္ဘာတလွှား ရိက္ခာမလုံလောက်မှု ကုလသမဂ္ဂ သတိပေးလိုက်တဲ့ အကြောင်း၊ ထိုင်းနိုင်ငံ ရနောင်းမှာ မြန်မာနိုင်ငံသားတွေ လူကုန်ကူးခံရမှု စတဲ့ သတင်းတွေနဲ့ အတူ အပတ်စဉ် ကဏ္ဍသစ် ဖြစ်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင် ကမ္ဘာ အစီအစဉ်၊ စနေညချမ်း ဆွေးနွေးခန်းတို့ကို နားဆင်ရဖို့ ရှိပါတယ်။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (အောက်တိုဘာလ ၁၇၊ ၂၀၂၁)
မြန်မာနိုင်ငံမှာ အသက် ၁၂ နဲ့ ၁၈ နှစ် ကြား ကလေးတွေ ကာကွယ်ဆေးစထိုးမှု သတင်းထောက်မှတ်စု၊ ကိုဗစ်ကာကွယ်ဆေး ဆေးပတ်ပြည့်ထိုးဖို့လို လူထုနဲ့ကျန်းမာရေး၊ ကမ္ဘာတလွှားခရီးသွား၊ မကြေးမုံရဲ့ အင်္ဂလိပ်စာနဲ့ သတင်းထဲက သုတ၊ သက်တံရောင်သတင်းလွှာ၊ ဒီအစီအစဉ်တွေကို ၂၀၂၁ အောက်တိုဘာ ၁၇ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း အောက်တိုဘာ၁၇၊၂၀၂၁
ဒေါ်အောင်ဆန်းစုကြည်အမှုများ ထူးခြားဖြစ်စဉ် သုံးသပ်ချက်နဲ့ အတူ PPST ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့ ပြောခွင့်ရ ခွန်မြင့်ထွန်းနဲ့ ဆွေးနွေးမေးမြန်းချက်၊ ကမ္ဘာ့သတင်းမီဒီယာတွေထဲက မြန်မာနိုင်ငံဆိုင်ရာ ဆောင်းပါးကောက်နှုတ်ချက်၊ မြန်မာပြည်မှ ပေးစာများ၊ သတင်းတွေထဲက သုတအစီအစဉ်တွေ နားဆင်၊ ကြည့်ရှု့ရဖို့ရှိပါတယ်။