TV
ဗွီအိုအေ မြန်မာနံနက်ခင်း အောက်တိုဘာလ ၁၂၊ ၂၀၂၁။
နိုင်ငံရေးနဲ့ ကပ်ဘေးရောဂါဒဏ်သင့် မြန်မာနိုင်ငံမှာ အနာဂတ် မရေမရာဘူးလို့ ပြောလာတဲ့ လူငယ်တွေရဲ့ အခြေအနေ၊ ထိုင်းနဲ့ အိန္ဒိယဘက်မှာ တရားမ၀င် ၀င်ရောက်မှုနဲ့ မြန်မာနိုင်ငံသားတွေ ဆက်တိုက် ဖမ်းခံနေရတဲ့ အခြေအနေ သတင်းပေးပို့ချက်တွေ၊ တရုတ်ရဲ့ အိမ်ခြံမြေ လုပ်ငန်းကြီး ပြိုလဲရင် ၾသစေတ်းလ် အတွက် ထိခိုက်နိုင်ခြေ ရှိတယ်ဆိုတဲ့ အကြောင်း၊ အပတ်စဉ် စီးပွားရေး၊ ဘလော့ဂါတွေ ပြောသမျှနဲ့ သက်တန့်ရောင် သတင်းလွှာ အစီအစဉ်တို့ကို ဒီမနက်ခင်းမှာ နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၁၀-၁၂-၂၀၂၁)
G-20 အဖွဲ့ဝင်နိုင်ငံတွေ အာဖဂန်က လူသားချင်းစာနာမှုအကြပ်အတည်း ဆွေးနွေးဖို့ ရှိ၊ ကိုယ်ခံအားနည်းနေသူတွေ Covid-19 အားဖြည့် ကာကွယ်ဆေး ထပ်ထိုးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး တိုက်တွန်း၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ နိုင်ငံရေးပါတီတချို့တွေ့ဆုံမယ့်ရက်ရွှေ့ဆိုင်း
VOA ရဒေီယိုညပိုင်း အောက်တိုဘာ၁၂၊၂၀၂၁
ရာထူးကဆင်းဖို့ ဖိအားပေးခြိမ်းခြောက်ခံခဲ့ရဟု သမ္မတဦးဝင်းမြင့် ဒီကနေ့ တရားရုံးမှာထွက်ဆို၊အာဆီယံကိုယ်စားလှယ်နဲ့ နိုင်ငံရေးပါတီတွေတွေ့ဖို့ အစီအစဉ်ပျက်၊ ကရင်ပြည်နယ်တွင်း ပြည်တွင်းစစ်ပြေးဒုက္ခသည်တသိန်းကျော် ရှိလာ၊ ရခိုင်ပြည်နယ်မှာတော့ အသက် ၁၂နှစ်နဲ့အထက် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ပြင်ဆင်.. စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ အမေရိကန်နိုင်ငံရေးအကြောင်းသတင်းဆောင်းပါးနဲ့ အင်္ဂါညစကားဝိုင်းအစီအစဉ်တွေကို နားဆင်ရဖို့ရှိပါတယ်။