TV
ဗွီအိုအေ မြန်မာနံနက်ခင်း အောက်တိုဘာလ ၅၊ ၂၀၂၁။
ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အမှုတွေ အခြေအနေ၊ အခြေနေဆိုးလာနေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံတွေရဲ့ အနေထား၊ တရုတ်မြန်မာနယ်စပ်ဂိတ်တွေ ပိတ်ထားတဲ့အတွက် ကြုံနေရတဲ့ အခက်ခဲတွေ၊ ရွှေတြိဂံဒေသမှာ မူးယစ်ဂိုဏ်းဝင်တွေ ဖမ်းမိတာနဲ့ ပြင်သစ်ဆီက စစ်သင်္ဘောတွေ ဂရိကဝယ်ယူတော့မယ့် အကြောင်းတွေကို တင်ပြပေးမယ့်အပြင် အပတ်စဉ် တင်ဆက်နေကြ စီးပွါးရေးနဲ့ ဘလော့ဂါတွေ ပြောသမျှ အစီအစဉ်တို့ကို နားဆင်ရပါမယ်။
VOA ရဒေီယိုညပိုင်း အောက်တိုဘာ၅၊၂၀၂၁
ဒေါ်အောင်ဆန်းစုကြည် သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ ကိုယ်တိုင် သက်သေထွက်ဆိုကြမယ့်သတင်း၊ ကယားပြည်နယ်လွိုင်ကော်နဲ့ ဒီးမောဆိုက စစ်ဘေးဒုက္ခသည်တွေ ကိုဗစ်ကူးခံနေရတာ၊ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့တိုက်ပွဲကြားက အရပ်သားထိခိုက်မှုနဲ့ ရခိုင်ပြည်တွင်း နှစ်ချီသွားလာခွင့် ပိတ်ခံထားရတဲ့ မူဆလင်ဒုက္ခသည်တွေအကြောင်း စတဲ့ နောက်ဆုံးရသတင်းပေးပို့ချက်တွေနဲ့ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ အမေရိကန်နိုင်ငံရေးနဲ့ အင်္ဂါညစကားဝိုင်းအစီအစဉ်ကိုလည်း နားဆင်ရဖို့ရှိပါတယ်။