TV
ဗွီအိုအေ မြန်မာပိုင်း ကြာသပတေး နံနက်ခင်း (အောက်တိုဘာလ ၇ ရက်)
ဗွီအိုအေ မြန်မာပိုင်း ကြာသပတေး နံနက်ခင်း (အောက်တိုဘာလ ၇ ရက်) မြန်မာ့အရေး အမေရိကန်ဝန်ကြီး နဲ့ အိန္ဒိယဝန်ကြီး ဆွေးနွေးခဲ့ကြတဲ့ သတင်းနဲ့အတူ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ NUG ကို အသိအမှတ်ပြုဖို့ ပြင်သစ်အထက်လွှတ်တော်ဆုံးဖြတ်လိုက်တာ၊ အမေရိကန်အောက်လွှတ်တော်ရဲ့'မြန်မာပြည်ဆိုင်ရာ ဥပဒေကြမ်း' မြန်မာ့အရေးလှုပ်ရှားသူတချို့ကြိုဆိုလိုက်တဲ့အကြောင်း၊ မြန်မာ့အရေး အာဆီယံ ပူးပေါင်းဆောင်ရွက်နိုင်ခြေ ရှိနေဆဲ သုံးသပ်ချက် စတာတွေနဲ့အတူ ဦးကျော်ဇံသာရဲ့ မြန်မာ့အရေး သုံးသပ်ချက်၊ အားကစားကဏ္ဍ၊ လူထုနဲ့ ကျန်းမာရေး စတဲ့ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်မှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၁၀-၀၇-၂၀၂၁)
အမေရိကန်အစိုးရ ချေးငွေပမာဏ တိုးမြှင့်ရေး ရေတို သဘောတူညီချက် ရနိုင်ဖွယ်ရှိ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးအကြံပေး Sean Turnell တို့ ရှေ့နေနဲ့သီးခြားတွေ့ဆုံခွင့် ပယ်ချခံရ၊ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေး ဆွေးနွေး… စတဲ့ နောက်ဆုံးရသတင်းတွေကို စုစည်းတင်ပြထားပါတယ်။
ကြာသပတေးည ရေဒီယို/ရုပ်သံအစီအစဉ်
ဒေါ်အောင်ဆန်းစုကြည်နဲ့ Sean Turnell ပါ ငါးဦးအမှု ဒီကနေ့ရုံးချိန်း ဘာသတင်းမှ မရတဲ့အကြောင်းအပါအဝင် မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ အာဆီယံဘက်က မြန်မာ့အရေး ဖြစ်ထွန်းမှုတွေအပေါ် စစ်ကောင်စီရဲ့ တုန့်ပြန်ချက်၊ လွိုင်ကော်မှာ ရပ်ကွက်တချို့ထဲ လက်နက်ကြီးကျည်ကျတာကြောင့် ကလေးတွေအပါအဝင် ထိခိုက် ဒဏ်ရာရ သေဆုံးသူတွေရှိ၊ မင်းကင်းမှာ တိုက်ပွဲဖြစ်ပြီး မြောင်မှာတော့ ရွာတွေမှာ စစ်တပ်က ရှာဖွေ၊ လီဒိုလမ်းမပေါ်မှာ KIA နဲ့ စစ်တပ်ကြား တိုက်ပွဲဖြစ်ဆဲ။ သီတင်းပတ်စဉ် - မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍ၊ တိုင်းရင်းသတင်းလွှာ။