TV
ဗွီအိုအေ မြန်မာပိုင်း ကြာသပတေးနံနက်ခင်း (အောက်တိုဘာ ၂၈)
ဗွီအိုအေ မြန်မာပိုင်း ကြာသပတေးနံနက်ခင်း (အောက်တိုဘာ ၂၈) အရှေ့တောင်အာရှ ဒီမိုကရေစီရေးအတွက် ရပ်တည်ဖို့ သမ္မတ Biden ကတိပြုလိုက်တဲ့ သတင်းနဲ့အတူ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ ဖယ်ခုံမှာ လက်နက်ကြီးကျည်ကြောင့် အရပ်သားတချို့ထိခိုက်ဒဏ်ရာရခဲ့တဲ့ သတင်းပေးပို့ချက်၊ ပြည်တွင်းနိုင်ငံရေးကြောင့် မြန်မာနိုင်ငံသား ထောင်နဲ့ချီ ထိုင်းနယ်စပ်ဖြတ်ကျော်မှုရှိနေတဲ့အခြေအနေ၊ ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ လူထုနဲ့ ကျန်းမာရေး၊ အားကစားကဏ္ဍ စတာတွေကို တင်ဆက်မှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၁၀-၂၈-၂၀၂၁)
ကိုဗစ် 19 ကာကွယ်ဆေး မညီမျှမှုပြသနာကို ဘယ်လို ကိုယ်တွယ်မလဲဆိုတာ G-20 နိုင်ငံတွေရဲ့ အစည်းအဝေးမှာဆွေးနွေး၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ အပါအဝင် အရှေ့တောင်အာရှ ဒေသမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ ပင်လယ်ရေကြောင်း သွားလာခွင့်တွေအတွက်ကြိုးပမ်းသွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတ Joe Biden ပြော၊ မြန်မာနိုင်ငံမှာကိုဗစ် 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်ချမှတ်ထားတဲ့ Stay at Home အမိန့်ကိုမြို့နယ် ၄၄ မြို့မှာပယ်ဖျက်
ကြာသပတေးည ရေဒီယို/ရုပ်သံလွှင့် အစီအစဉ်
အောက်တိုဘာ ၂၈ - စစ်ကောင်စီကို ဆက်ပြီး ဖိအားပေးသွားမယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌသစ် ကမ္ဘောဒီးယားက ပြောလိုက်တဲ့သတင်းနဲ့ အာဆီယံထိပ်သီး နောက်ဆုံးသတင်းတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ Sean Turnell ပါ ငါးဦးအမှု ဒီကနေ့တရားခွင်အကြောင်း၊ စစ်ကိုင်း၊ ကျွန်းလှဘက်မှာ စစ်တပ်က ရဟတ်ယာဉ်နဲ့ပစ်ခတ်၊ Stay-At-Home ညွှန်ကြားချက် မြို့နယ် ၄၄ မြို့နယ်မှာ ရုပ်သိမ်း၊ ရခိုင်နဲ့ချင်း စစ်ရှောင်တွေကြား ရာသီတုပ်ကွေးဖြစ်သူ များပြား။ သီတင်းပတ်စဉ် - မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍ၊ တိုင်းရင်းသတင်းလွှာ။