သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TV

၀၆:၀၀ - ၀၇:၀၀

သောကြာနေ့မနက် VOA ရေဒီယို-ရုပ်သံ (၂၀၂၁ အောက်တိုဘာ ၂၂ ရက်)

အခု ထုတ်လွှင့်ချက်ထဲမှာတော့ မြန်မာနိုင်ငံမှာ ပြသနာတွေ ပိုမဆိုးခင် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာကပါ ထိရောက်တဲ့ တုန့်ပြန် ဖြေရှင်မှုတွေလုပ်ကြဖို့ အထူးသံကိုယ်စားလှယ် ခရစ်စတင်းဘာဂနာ ပြောကြားတဲ့ အကြောင်းနဲ့အတူ မြန်မာနိုင်ငံမှာ ဘဏ်အပ်ငွေတွေ ထုတ်ဖို့ အခက်ကြုံနေရဆဲ အခြေနေ၊ အိန္ဒိယရောက် ချင်းဒုက္ခသည်တွေ ဘယ်လိုအခက်ကြုံနေရသလဲ၊ ထိုင်း မဲလအူး ဒုက္ခသည်စခန်းထဲ အစုလိုက် ကိုဗစ်ကူးစက်နေကြတာ- စတဲ့ သတင်းပေးပို့ချက်တွေနဲ့ အတူ၊ ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက် ၊ ဦးဝင်းမင်းရဲ့ ကျန်းမာရေးကဏ္ဍနဲ့ တိုင်းရင်းသတင်းလွှာ အပတ်စဉ်ကဏ္ဍတွေကို နားဆင်ရပါမယ်။

၂၁:၀၀ - ၂၂:၀၀

ဗွီအိုအေ ရေဒီယို/ရုပ်သံလွှင့်အစီအစဉ်

အောက်တိုဘာ ၂၂ - ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာစခန်းတခုထဲ ပြိုင်ဘက်အုပ်စုနှစ်ခုကြား တိုက်ခိုက်မှုကြောင့် ၆ ဦးထက်မနည်းသေဆုံးတဲ့သတင်းနဲ့အတူ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာသတင်းများ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပေါ် အဂတိစွဲချက် ဒီကနေ့ရုံးချိန်းမှာလည်း ဦးဖြိုးမင်းသိန်းရဲ့ဇနီး အဓိက တရားလိုသက်သေ ဒေါ်ခင်မိမိကြွယ် လာရောက်ထွက်ဆိုဖို့ပျက်ကွက်၊ ကရင်နီဘက်မှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်၊ မြန်မာဘက်တိုက်ပွဲတွေ သတိထားဖို့ တရုတ်အာဏာပိုင်တွေ ဒေသခံတွေကို သတိပေးထား၊ ထိုင်းနိုင်ငံ၊ အုန်းဖြန်ဒုက္ခသည်စခန်းမှာ ကိုဗစ်ကူးစက်သူ ၁၀၀ ကျော်ရှိ။ သီတင်းပတ်စဉ် - အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ။

XS
SM
MD
LG