TV
ဗွီအိုအေ မြန်မာနံနက်ခင်း အောက်တိုဘာလ ၂၇၊ ၂၀၂၁။
အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာကို တက်ခွင့် မပေးတဲ့ ကိစ္စက အာဆီယံ မူကို ချိုးဖောက်တာ မဟုတ်ဘူးလို့ အင်ဒိုနီးရှားက ပြောဆိုလိုက်တဲ့ အကြောင်း၊ အာဆီယံနဲ့ အမေရိကန်ကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်မယ့် အကြောင်း၊ အာဆီယံရဲ့ မြန်မာ အပေါ် သဘောထားနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် အပေါ် သဘောထားတွေကို NUG ရဲ့ အာဆီယံဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့်ရဲ့ ပြောဆိုချက်၊ အမေရိကန် နိုင်ငံရေး အကြောင်း သိကောင်းစရာ၊ အင်္ဂါညချမ်း ဆွေးနွေးခန်း အစီအစဉ်တွေကို နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၁၀-၂၇-၂၀၂၁)
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ သေကျေထိခိုက်မှုတွေနဲ့ ဆုံးရှုံးနစ်နာမှုတွေ ကြုံနေရတဲ့အပေါ် အမေရိကန်သမ္မတ Joe Biden ပြစ်တင်ရှုတ်ချ၊ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့ နိုင်ငံတချို့မှာ အာဏာသိမ်းတဲ့ လုပ်ရပ်တွေဟာ ကူးစက်ရောဂါလို ပျံ့နှံ့လာနေတာကြောင့် လုံခြုံရေးကောင်စီက ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ ကုလသမဂ္ဂ အကြီးအကဲ တိုက်တွန်း၊ Pfizer ကိုဗစ်ကာကွယ်ဆေးကို အသက် ၅ နှစ်ကနေ ၁၁ နှစ်အရွယ် ကလေးတွေအတွက် အရေးပေါ် ထိုးပေးနိုင်တဲ့အကြောင်း FDA ရဲ့ သီးခြားလွတ်လပ်တဲ့ အကြံပေးအဖွဲ့ ထောက်ခံ