TV
ဗွီအိုအေ မြန်မာနံနက်ခင်း အောက်တိုဘာလ ၂၅၊ ၂၀၂၁။
စစ်ကောင်စီက ဖမ်းသွားတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင် ကိုဂျင်မီရဲ့ အခြေအနေ ဇနီးဖြစ်သူ ပြောပြချက်၊ မြန်မာ စစ်ခေါင်းဆောင်ကို အစည်းအဝေး မဖိတ်တဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်- မြန်မာ့ အရေး ဆွေးနွေးခန်း၊ အပတ်စဉ် ကဏ္ဍသစ် ပြည်သွေးနိုင်ရဲ့ မြန်မာနိုင်ငံတွင်းက သတင်းမီဒီယာ အခြေအနေ၊ မြန်မာပြည်က ပေးစာနဲ့ သတင်းတွေထဲက သုတ စတဲ့ အစီအစဉ်တွေကို နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၁၀-၂၅-၂၀၂၁)
အာဆီယံ ဒေသတွင်းနိုင်ငံတွေအကြား သွေးစည်းညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတဲ့အကြောင်း ဘရူနိုင်းဘုရင် Hassanal Bolkiah ပြော၊ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ မြန်မာနိုင်ငံဘက်က နိုင်ငံရေးနဲ့ မပတ်သက်သူတဦး တက်ရောက်ဖို့ ဖိတ်ကြားထားပေမဲ့ အခုအထိတော့ တက်မယ် မတက်ဘူး မဆုံးဖြတ်ရသေးဘူးလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြော၊ အာဆီယံရဲ့ ဆွေးနွေးဖက်နိုင်ငံသစ်အဖြစ်ဗြိတိန်နိုင်ငံပူးပေါင်းခွင့်ရတဲ့အတွက် ကြိုဆိုတဲ့အကြောင်း ဗြိတိန်ဝန်ကြီးချုပ်ပြော
VOA ရေဒီယိုညပိုင်း အောက်တိုဘာ၂၅၊၂၀၂၁
အာဆီယံထိပ်သီးတက်ဖို့ မြန်မာမဆုံးဖြတ်ရသေး၊ တပ်မတော်ထောက်ခံပွဲများ မြို့တချို့မှာကျင်းပ၊ ကယား မိုးဗြဲမြို့ပေါ် လက်နက်ကြီးကျ တဦးသေဆုံး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ ဘလော်ဂါတွေပြောသမျှနဲ့ သက်တန့်ရောင်သတင်းလွှာတွေ ထုတ်လွှင့်တင်ဆက်ဖို့ရှိပါတယ်။