TV
ဗွီအိုအေ မြန်မာပိုင်း အင်္ဂါနေ့ နံနက်ခင်း (အောက်တိုဘာ ၁၉ ရက်)
ဗွီအိုအေ မြန်မာပိုင်း အင်္ဂါနေ့ နံနက်ခင်း (အောက်တိုဘာ ၁၉ ရက်) ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ကတောင်းဆိုတဲ့ သတင်းနဲ့ အတူ စစ်ကောင်စီက အကျဉ်းသားတွေကို ခံဝန်ချက်နဲ့ ပြန်လွှတ်ပေးခဲ့တာအတွက် လူ့အခွင့်ရေးအဖွဲ့တွေက ဝေဖန်လိုက်တာ၊ ချင်းပြည်နယ်ထဲ စစ်ကောင်စီရဲ့ ကန့်သတ်မှုတွေကြောင့် ဒေသခံတွေအခက်ကြုံနေရတဲ့ သတင်းပေးပို့ချက်တွေနဲ့ သက်တံ့ရောင်သတင်းလွှာ၊ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှစတဲ့ အစီအစဉ်တွေကို နားဆင်ရမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၁၀-၁၉-၂၀၂၁)
ကွယ်လွန်သွားတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Colin Powell ရဲ့ တိုင်းပြည်အတွက် ကြိုးပမ်း ဆောင်ရွက်ချက်တွေ အပေါ် အမေရိကန်သမ္မတ Joe Biden အပါအဝင် ခေါင်းဆောင်ဟောင်းတွေက အမှတ်တရ ဂုဏ်ပြု၊ မြောက်ကိုရီးယားက ပဲ့ထိန်းတပ်ဒုံးကျည် နောက်တစင်း ထပ်မံ စမ်းသပ်ပစ်ခတ်၊ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ ကုလသမဂ္ဂ ထပ်မံ တောင်းဆို
VOA ရဒေီယိုညပိုင်း အောက်တိုဘာ၁၉၊၂၀၂၁
စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒုတိယနေ့အဖြစ် ပြန်လွှတ်ပေးနေတဲ့အထဲ သတင်းသမားတချို့နဲ့ တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်တချို့ ပါဝင်တဲ့သတင်း၊ အဲ့ဒီ့လိုလွတ်လာသူတွေထဲ တချို့ထောင်ရှေ့မှာပဲ နောက်ထပ်စွဲချက်နဲ့ ပြန်အဖမ်းခံရတဲ့အခြေအနေ၊ ကွယ်လွန်သူ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးလူမည်းနိုင်ငံခြားရေးဝန်ကြီးအကြောင်း သတင်းဆောင်းပါးနဲ့ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ အမေရိကန်နိုင်ငံရေးအကြောင်းသတင်းဆောင်းပါးနဲ့ အင်္ဂါညစကားဝိုင်းအစီအစဉ်တွေကို နားဆင်ရဖို့ရှိပါတယ်။