TV
ဗွီအိုအေ မြန်မာပိုင်း သောကြာနေ့ နံနက်ခင်း (နိုဝင်ဘာလ ၁၂)
ရခိုင်ပြည်နယ်တွင်း တိုက်ပွဲအလားအလာ၊ ရန်ကုန်မှာ မီတာခမဆောင်လို့ မီးအဖြတ်ခံရတာ၊ ထိုင်းရောက်တရားမဝင်မြန်မာတွေ ကိုဗစ်ကာကွယ်ဆေးထိုးတာနဲ့ အမေရိကန်ရောက်မြန်မာနွယ်ဖွား ဒေါ်မီမီဝင်းဘတ်ရဲ့ စစ်တပ်အခန်းကဏ္ဍအပေါ် အမြင်နဲ့ အတူ နောက်ဆုံးရမြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ ဦအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကို နားဆင်ရမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၁၂-၂၀၂၁)
မြန်မာနိုင်ငံမှာ အမေရိကန် သတင်းသမား Danny Fenster ကို ထောင်ဒဏ် ၁၁ နှစ် ချမှတ်၊ အဲ့ဒီလိုချမှတ်လိုက်တဲ့အပေါ် အထူးပဲ စိတ်ပျက်ရတဲ့အကြောင်း Frontier Myanmar သတင်းဌာနရဲ့ အယ်ဒီတာတဦးပြော၊ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေနဲ့ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် ၂၀၂၁ ခုနှစ်ရဲ့ ပထမနှစ်ဝက် အတွင်း နေရပ်စွန့်ခွာရသူတွေ သိသိသာသာ တိုးလာခဲ့ကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အစီရင်ခံစာက ဖော်ပြ
ဗွီအိုအေ သောကြာည ရေဒီယို/ရုပ်သံလွှင့် အစီအစဉ်
နိုဝင်ဘာ ၁၂ - ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အဂတိအမှုတခုအတွက် ဦးဖြိုးမင်းသိန်းဇနီး ဒေါ်ခင်မိမိကြွယ် စစ်ကောင်စီသက်သေအဖြစ် ဒီကနေ့ထွက်ဆိုခဲ့တဲ့သတင်းနဲ့အတူ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာသတင်းများ၊ အမေရိကန်သတင်းသမား Danny Fenster ထောင် ၁၁ နှစ် ချမှတ်ခံရ၊ နောက်ထပ် ၁၇ မြို့နယ်မှာ Stay-At-Home အမိန့်ရုပ်သိမ်း၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ဘာသာရေးအဆောက်အဦးတွေ ပစ်မှတ် ထားတိုက်ခိုက်မှု ဝေဖန်ပြစ်တင်၊ ထိုင်း-မြန်မာ နယ်စပ် အုန်းဖြန် ဒုက္ခသည် စခန်းမှာ ကိုဗစ် ကူးစက်သူ ၃၀၀ ကျော်ရှိ။ သီတင်းပတ်စဉ် - အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန် တခွင်၊ သိပ္ပံနဲ့ နည်းပညာ။