TV
ဗွီအိုအေ မြန်မာပိုင်း ဗုဒ္ဓဟူးနံနက်ခင်း ( နိုဝင်ဘာလ ၂၆ ရက်)
ကိုဗစ်ကပ်ရောဂါပိုး မျိုးကွဲသစ်ကို တောင်အာဖရိကမှာတွေ့ရှိတဲ့သတင်း အပါအဝင် နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ စစ်ကောင်စီလက်အောက်မှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု ပိုများလာတဲ့အခြေအနေ ၊ ထိုင်းနိုင်ငံထဲကို အလုပ်လုပ်ဖို့ တရားမဝင် ဝင်ရောက်လာကြတဲ့ မြန်မာတွေ အဖမ်းခံရတဲ့သတင်းပေးပို့ချက် စတာတွေနဲ့အတူ အပတ်စဉ်ကဏ္ဍတွေဖြစ်ကြတဲ့ ဦးအောင်ခင် ရဲ့ မြန်မာအရေးသုံးသပ်ချက် ၊ ကိုဝင်းမင်း ရဲ့ ကျန်းမာရေး နဲ့ တိုင်းရင်းသတင်းလွှာ တို့ကိုလည်း နားဆင်ကြည့်ရှုကြရမှာဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၂၆-၂၀၂၁)
အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်လာတဲ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးရေးကို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းပယ်ချ၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲထားတဲ့ အဂတိလိုက်စားမှု လေးမှုထဲက လရောင်တော စိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်း စီမံကိန်းအတွက် မြေနေရာရယူခဲ့တာနဲ့ဆက်စပ်ပြီး တရားရုံးမှာစစ်ဆေး၊ ချင်းပြည်နယ် ထန်တလန်မြို့နားမှာ ဒီနေ့ မနက်ပိုင်းက ပြင်းအား ၆.၁ မက်ဂနီကျူ ရှိတဲ့ ငလျင်လှုပ်
သောကြာည ရေဒီယို/ရုပ်သံလွှင့်အစီအစဉ်
နိုဝင်ဘာ ၂၆ - အကြမ်းဖက်အဖြစ် ကြေညာ ထားသူတွေနဲ့ တွေ့ဆုံဆွေးနွေးစရာ အကြောင်းမရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ က ပြောလိုက်တဲ့သတင်းနဲ့အတူ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာသတင်းများ၊ ၂၀၂၁-၂၀၂၂ အခြေခံပညာသင်နှစ်ကာလ ၆ လလောက်ပဲရှိမယ်လို့ စစ်ကောင်စီပြော၊ မလေးရှားက ပြည်ပလုပ်သားတွေအားလုံး အလုပ်ပါမစ် လျှောက်ဖို့နှိုးဆော်၊ ချင်းပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အမေရိကန်ပြစ်တင်ရှုတ်ချတဲ့ အမေရိကန်အစိုးရအာဘော်၊ အမေရိကန်၊ တရုတ်နဲ့ ဆိုင်ဘာတိုက်ခိုက်မှုများ။ သီတင်းပတ်စဉ် - အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ။