TV
ဗွီအိုအေ မြန်မာပိုင်း စနေနေ့ နံနက်ခင်း( နိုဝင်ဘာလ ၁၃ ရက်)
မြန်မာနိုင်ငံအတွင်း ကလေး ၁၂ သန်းကျော် ကျောင်းမတက်ရတာ တနှစ်ခွဲကျော်ရှိပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားတဲ့သတင်း၊ အမေရိကန်သတင်းသမားကို ထောင်ဒဏ်ချမှတ်လိုက်တဲ့အတွက် အမေရိကန်အစိုးရက ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်တဲ့သတင်း၊ ထိုင်းနယ်စပ် အုန်းဖျန်ဒုက္ခသည်စခန်း ကိုဗစ်ကပ်ရောဂါကူးစက်မှုများနေတဲ့သတင်း စတာတွေနဲ့အတူ နောက်ဆုံးရမြန်မာသတင်းတွေ၊ အမျိုးသမီးကဏ္ဍ၊သုတစုံလင်အမေရိကန်တခွင် နဲ့ သိပ္ပံနဲ့ နည်းပညာ စတာတွေကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (နိုဝင်ဘာ ၁၃၊ ၂၀၂၁)
အမေရိကန်သတင်းထောက် စကစ ထောင် ၁၁ နှစ်ချ၊ အရပ်သားလုံခြုံရေးအတွက် ကုလတောင်းဆို၊ အမေရိကန်ကုန်ဈေးနှုန်း အမြန်ဆုံး အမြင့်ဆုံးကိုတက်၊ ဒီလို တပတ်အတွင်း သတင်း စုစည်းတင်ပြချက်၊ NLD အနိုင်ရရွေးကောက်ပွဲ တနှစ်ပြည့် မဲဆန္ဒရှင်တွေ ကြုံနေရတဲ့ အခြေအနေ သတင်းထောင်မှတ်စု၊ ဒါတွေကို ၂၀၂၁ နိုဝင်ဘာ ၁၃ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ စနေည ရေဒီယို/ရုပ်သံလွှင့် အစီအစဉ်
နိုဝင်ဘာ ၁၃ - ဗွီအိုအေဒါရိုက်တာဟောင်း Amanda Bennett ကို ဗွီအိုအေ CEO အဖြစ် ခန့်ထားဖို့ သမ္မတဘိုင်ဒန်က လျာထားတဲ့ သတင်းနဲ့အတူ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာသတင်းများ၊ တပတ်အတွင်း နိုင်ငံတကာနဲ့ မြန်မာ သတင်း ကောက်နုတ်ချက် များ၊ နယူးယောက်က ဘူးခွံ အမှိုက်ကောက်သူ တို့ရဲ့ဘဝ။ သီတင်းပတ်စဉ် - လူ့အခွင့်အရေး ဆိုင်ရာ ဒို့အသံအစီအစဉ်၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ။