TV
၂၀၂၁ နိုဝင်ဘာ ၁၄ ရက် မနက်ခင်း ဗွီအိုအေ ရေဒီယို/ရုပ်သံ
တနင်္ဂနွေနေ့ မနက်ခင်း အစီအစဉ်မှာတော့ ထိပ်တန်းရောက် သတင်းတွေနဲ့အတူ တရုတ် အထူးသံကိုယ်စားလှယ်ရဲ့ မြန်မာခရီးစဉ်အတွင်း သက်ဆိုင်သူတွေနဲ့တွေ့ဖို့ NUG တိုက်တွန်း ၊ မြန်မာ လာအိုနဲ့ ကမ္ဘောဒီးယား သုံးနိုင်ငံက အလုပ်သမားတွေကို ခေါ်ယူဖို့ ထိုင်းက MOU ထိုးမယ့်သတင်း၊ ပါကစ္စတန်မှာ သစ်ပင်ပေါင်း (၁၀)ဘီလျံ စိုက်ပျိုးမယ့် စီမံချက်၊ သမ္မတ ရှီကျင့်ပင်နဲ့ သမ္မတ ဘိုင်ဒန်တို့ရဲ့ အွန်လိုင်းထိပ်သီးဆွေးနွေးပွဲ အလားအလာ စတဲ့ သတင်းလွှာတွေနဲ့အတူ ဒို့အသံ ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲိ့ခေတ်ပြိုင်ကမ္ဘာ အပတ်စဉ်ကဏ္ဍတွေ နားဆင်ရပါမယ်။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (နိုဝင်ဘာ ၁၄၊ ၂၀၂၁)
ကိုဗစ်၊ တုပ်ကွေးနဲ့ အအေးမိ ကွာခြားပုံ လူထုနဲ့ကျန်းမာရေး၊ ကမ္ဘာတလွှားခရီးသွား၊ မကြေးမုံအင်္ဂလိပ်စာနဲ့ သတင်းထဲက သုတ၊ ဒါတွေအပြင် ထင်ပေါ်ကျော်ကြားသူတွေအကြောင်း သက်တံရောင်သတင်းလွှာနဲ့ ခွေးထင်ပြီး မွေးထားမိတဲ့ မြေခွေး ဒီလို ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၁ နိုဝင်ဘာ ၁၄ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ တနင်္ဂနွေနေ့ည ၉း၀၀-၁၀း၀၀ နာရီ ရေဒီယို/ရုပ်သံလွှင့် အစီအစဉ်
ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာသတင်း၊ ထိုင်းမြန်မာနယ်စပ်မှာ စိတ်ကြွဆေး ၆သန်း ဖမ်းဆီးမိတဲ့အကြောင်းနဲ့ အပတ်စဉ်ကဏ္ဍတွေထဲ မြန်မာ့အရေး ဆွေးနွေးခန်း။ ကမ္ဘာ-မြန်မာ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာများ၊ သတင်းတွေထဲကသုတ၊ ထူးခြားဆန်းပြားသတင်းများစတဲ့ အစီအစဉ်တွေကို ထုတ်လွှင့်ပေးသွားဖို့ရှိပါတယ်။