TV
၂၀၂၁ နိုဝင်ဘာ ၁၉ ရက်နေ့ မနက် VOA ရေဒီယို-ရုပ်သံ
သောကြာနေ့မနက် အစီအစဉ်မှာတော့ နိပွန်ဖေါင်ဒေးရှင်း ဥက္ကဌ မစ္စတာ ဆာဆာကာဝါ NLD ခေါင်းဆောင်ပိုင်းနဲ့ တရားဝင် တွေ့ဆုံခဲ့ခြင်း မရှိသေးဘူးလို့ NLD ဗဟိုအလုပ်ကော်မတီဝင် ဦးအောင်ကြည်ညွန့် ပြောကြား၊ ချင်းနဲ့ ကယားပြည်နယ်မှာ ခရစ်ယာန်ကျောင်းဝင်းတွေထဲ စစ်တပ်က တပ်စွဲထားလို့ ဘာသာရေးအခမ်းအနားလုပ်ဖို့ အခက်ကြုံနေကြ ၊ နိုဝင်ဘာလထဲ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ခဲ့သူတွေထဲမှာ မြန်မာက အများဆုံးဖြစ် .. စတဲ့သတင်း ပေးပို့ချက်တွေနဲ့အတူ၊ ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် ၊ ဦးဝင်းမင်းရဲ့ ကျန်းမာရေးကဏ္ဍနဲ့ တိုင်းရင်းသတင်းလွှာ အပတ်စဉ်ကဏ္ဍတွေ နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၁၉-၂၀၂၁)
မြောက်အမေရိကဒေသမှာ ဘုံတူညီတဲ့ အင်အားတွေအပေါ် အခြေခံပြီး လက်တွဲလုပ်ဆောင်ရင် အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ပါမယ်လို့ အမေရိကန်သမ္မတ Joe Biden ပြော၊ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာရသူတွေ သိသိသာသာ တိုးလာနေပြီး၊ စာနာမှုအကူအညီတွေလည်း အရေးတကြီး လိုအပ်၊ စွမ်းအင် နှင့် သဘာဝ အရင်းအမြစ် ဝင်ငွေတွေ စစ်ကောင်စီ ကို စီးဝင်နေတာရပ်တန့်ဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီး က ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေ ဆော်သြ
သောကြာည ရေဒီယို/ရုပ်သံလွှင့်အစီအစဉ်
နိုဝင်ဘာ ၁၉ - ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားတဲ့ အဂတိမှုအတွက် တရားလိုပြသက်သေတဦး ဒီကနေ့ထွက်ဆိုခဲ့တဲ့သတင်းနဲ့အတူ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာသတင်းများ။ ရန်ကုန်မှာ စစ်တပ်နဲ့ရဲက တားဆီး စစ်ဆေး တာတွေ ပိုလုပ်နေ၊ စစ်ကိုင်းတိုင်း၊ ယင်းမာ ပင်ဘက် ကျေးရွာ သုံးရွာထက်မနည်းက ဒေသခံတွေ အိုးအိမ်စွန့်ထွက်ပြေးနေရ၊ ဆောမြို့နယ်ဘက်တိုက်ပွဲမှာ စစ်တပ်က ရဟတ်ယာဉ်သုံးတိုက်ခိုက်၊ တရုတ်အထူးသံ က စစ်ကောင်စီခေါင်းဆောင်ကို ဘယ်လို သတင်းစကားပါးခဲ့တယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်သလဲ။ သီတင်းပတ်စဉ် - အမျိုးသမီး ကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့ နည်းပညာ။