TV
ဗွီအိုအေ မြန်မာနံနက်ခင်း နိုဝင်ဘာလ ၂၂၊ ၂၀၂၁။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ခွင့် မရခဲ့တဲ့ အာဆီယံ ထိပ်သီး အစည်းအဝေး အပေါ် သုံးသပ်ထားတဲ့ မီဒီယာ မြင်ကွင်း၊ မြန်မာဘက်က တရားမ၀င် ၀င်ရောက်မှုများလာပြီးနောက်မှာ ထိုင်းနယ်စပ်ကို တင်းကြပ်ဖို့ ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားလိုက်တဲ့ အကြောင်း၊ လိင်စိတ်ခံယူမှု ကွဲပြားသူတွေရဲ့ အခွင့်အရေး ဆိုင်ရာ ဆွေးနွေးခန်း၊ မြန်မာပြည်က ပေးစာ၊ သတင်းတွေထဲက သုတ ၊ ထူးခြားဆန်းပြား သတင်းများ အပတ်စဉ် ကဏ္ဍတွေကို နားဆင်ကြရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၂၂-၂၀၂၁)
အမေရိကန် Waukesha မြို့ ခရစ္စမတ်ချီတက်ပွဲမှာ ကားတစီးအရှိန်နဲ့ ဝင်တိုက်ခဲ့တာကြောင့် ၅ ဦးထက်မနည်း ငေဆွုံး၊ ၄၀ ကျော်ဒဏ်ရာရ၊ တရုတ်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မြန်မာမပါဘဲ ကျင်းပ၊ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပေါ် စွဲချက်တင်ထားတဲ့ သဘာဝဘေးအမှုတွေ အတွက် ဒီဇင်ဘာ ၆ ရက် အမိန့်ချမှတ်ဖို့ရှိ စတဲ့ နောက်ဆုံးရသတင်းတွေ တင်ဆက်ထားပါတယ်။
VOA ရေဒီယိုညပိုင်း နိုဝင်ဘာ၂၂၊၂၀၂၁
မြန်မာမပါပဲ တရုတ်-အာဆီယံထိပ်သီးစည်းဝေး၊ Interpol ညီလာခံ စစ်ကောင်စီကိုဖိတ်ကြားမှု မြန်မာအရပ်ဘက်အဖွဲ့များကန့်ကွက်၊ ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုတဲ့အမှုတချို့ အပြီးသတ်အမိန့်ချဖို့ရှိနေ၊ ကလေးမြို့အနီးကျေးရွာတွေ စစ်ရေးတင်းမာ စတဲ့သတင်းတွေနဲ့အတူ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ ဘလော်ဂါတွေပြောသမျှနဲ့သက်တန့်ရောင်းသတင်းလွှာတွေကို ထုတ်လွှင့်ပေးဖို့ရှိပါတယ်။