TV
၂၀၂၁ နိုဝင်ဘာ ၂၁ ရက် မနက်ခင်း ဗွီအိုအေ ရေဒီယို/ရုပ်သံ
တနင်္ဂနွေနေ့ မနက်ခင်း အစီအစဉ်မှာတော့ ထိပ်တန်းရောက် သတင်းတွေနဲ့အတူ အမေရိကန် CIA ဒု အကြီးအကဲနဲ့ ထိုင်းဝန်ကြီးချုပ်တို့ မြန်မာ့အရေး ဆွေးနွေးမှုအပေါ် အကဲခတ်တွေရဲ့အမြင် သုံးသပ်ချက်နဲ့ တပတ်အတွင်း ထိပ်တန်းရောက် မြန်မာ့သတင်း၊ နိုင်ငံတကာသတင်း စုစည်းတင်ပြမှုနဲ့အတူ အပတ်စဉ်ကဏ္ဍတွေအဖြစ် ဒို့အသံ ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ စတာတွေကို နားဆင်ရပါမယ်။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (နိုဝင်ဘာ ၂၁၊ ၂၀၂၁)
စစ်ကောင်စီဖမ်းထားတဲ့ သတင်းသမားတွေ လွတ်မြောက်နိုင်ခြေ သတင်းထောက်မှတ်စု၊ ဆေးယဉ်ပါးပြဿနာ လူထုနဲ့ကျန်းမာရေး၊ ကမ္ဘာတလွှားခရီးသွားက တယောထုတ်တဲ့မြို့၊ သတင်းထဲက သုတ၊ နဲ့ မီးပုံးပျံထိပ် မတ်တပ်ရပ်သူ ဒီလို ထူးခြားဆန်းပြားသတင်းများ အစီအစဉ် တွေကို ၂၀၂၁ နိုဝင်ဘာ ၂၁ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း နိုဝင်ဘာ၂၁၊၂၀၂၁
ကျိုက်နဲရေလယ်ဘုရား ရေကြီးလို့ ဘုရားဖူး၁၅ဦးထက်မနည်းသေဆုံး၊ နိုင်ငံတကာရုပ်ရှင်ပြပွဲတွေမှာ ဆုတွေရနေတဲ့ နတ္ထိရောင် အိပ်မက် ရုပ်ရှင်ဇာတ်ကားတို ဖန်တီးထုတ်လုပ်သူ အနုပညာရှင်တွေနဲ့ ဆက်သွယ်မေးမြန်းချက်၊ မြန်မာပါဝင်ခွင့် မရတဲ့ အာဆီယံထိပ်သီးအစည်းအဝေး သုံးသပ်ချက်မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှ ပေးစာများ၊ သတင်းတွေထဲက သုတ၊ ထူးခြားဆန်းပြားသတင်းများ စတဲ့ အစီအစဉ်တွေကို ထုတ်လွှင့်ပေးသွားဖို့ရှိပါတယ်။