TV
ဗွီအိုအေမြန်မာပိုင်း အင်္ဂါနံနက်ခင်း (နိုဝင်ဘာလ ၁၆ ရက်)
ဗွီအိုအေမြန်မာပိုင်း အင်္ဂါနံနက်ခင်း (နိုဝင်ဘာလ ၁၆ ရက်) မြန်မာစစ်ကောင်စီအကြီးအကဲ တရုတ်အထူးသံနဲ့ တွေ့ဆုံခဲ့တဲ့ သတင်းအပါအ၀င် နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ စစ်ကောင်စီက လွှတ်ပေးလိုက်တဲ့ အမေရိကန်သတင်းသမား Danny Fenster က သူ့ကိုဖမ်းဆီးခဲ့တဲ့လုပ်ရပ်အပေါ် ဘယ်လိုပြောကြားခဲ့သလဲ၊ တခါ ဖမ်းဆီးခံသတင်းသမားအားလုံးကို လွှတ်ပေးဖို့ ကုလသမဂ္ဂနဲ့ အမေရိကန်က တောင်းဆိုလိုက်တာ စတာတွေနဲ့အတူ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှ၊ သက်တန့်ရောင်သတင်းလွှာ စတာတွေကို နားဆင်ရမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၁၆-၂၀၂၁)
အမေရိကန် နဲ့ တရုတ် နှစ်နိုင်ငံအကြား ယှဉ်ပြိုင်မှုတွေဟာ ပဋိပက္ခတွေဆီ ဦးတည်သွားတာမျိုး မဖြစ်ဖို့ လိုတဲ့အကြောင်း အမေရိကန်နဲ့ တရုတ်ဆွေးနွေး၊ အမေရိကန် နိုင်ငံသား သတင်းသမား Danny Fenster လွတ်မြောက်လာပြီးတဲ့နောက် မြန်မာနိုင်ငံထဲ မတရား ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ ကုလသမဂ္ဂ နဲ့ အမေရိကန် တောင်းဆို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့ ပုဒ် မ ၅၀၅-ခ အမှု ကိုလာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့မှာ အပြီးသတ် အမိန့်ချဖို့ တရားရုံးက ဆုံးဖြတ်
၂၀၂၁ ခုနှစ် ၊ နိုဝင်ဘာလ ၁၆ ရက်၊ အင်္ဂါနေ့ ညပိုင်း ဗွီအိုအေ ရေဒီယို/ရုပ်သံ
ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာသတင်းတွေနဲ့အတူ တရုတ်အထူးသံတမန် စွန်ကော့ရှန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် သုံးသပ်ချက်၊ ရခိုင်မှာ တိုက်ပွဲတွေပြန်ဖြစ်နိုင်တဲ့အခြေအနေ၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းမှာ စစ်ကောင်စီတပ်နဲ့ PDFတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာနဲ့ ကလေးမြို့ PDF စခန်းကို စစ်ကောင်စီတပ်ဝင်စီးတဲ့အကြောင်း၊ အမေရိကန် သတင်းထောက် Danny Fenster ပြန်လွတ်မြောက်လာတဲ့နောက်ဆုံးအခြေအနေစတဲ့ နောက်ဆုံးရ သတင်းပေးပို့ချက်တွေနဲ့ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ အမေရိကန်နိုင်ငံရေးအကြောင်း သတင်းဆောင်းပါးနဲ့ အင်္ဂါညစကားဝိုင်း အစီအစဉ်တွေကို နားဆင်ရဖို့ရှိပါတယ်။