TV
ဗွီအိုအေ မြန်မာနံနက်ခင်း နိုဝင်ဘာလ ၁၅၊ ၂၀၂၁။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေး စိုးရိမ်ချက်တွေနဲ့ ပတ်သက်ပြီး NUG ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဆွေးနွေးခန်း၊ နောက် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးနဲ့ ဆွေးနွေးခန်း၊ ရာသီဥတု ပြောင်းလဲမှုဒဏ် အကြီးအကျယ် ခံနေရတဲ့ ဘင်္ဂလားဒေရှ့်က လယ်သမားတွေကို ကူညီပေးဖို့ ကုလသမဂ္ဂက တိုက်တွန်းနေတဲ့ အကြောင်း ၊ မီဒီယာမြင်ကွင်း၊ မြန်မာပြည်က ပေးစာ၊ သတင်းတွေထဲက သုတ ၊ ထူးခြားဆန်းပြား သတင်းများ အပတ်စဉ် ကဏ္ဍတွေကို တင်ပြပေးမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၁၅-၂၀၂၁)
မြန်မာနိုင်ငံမှာ ထောင်ဒဏ် ၁၁ နှစ်ချခံထားရတဲ့ အမေရိကန်သတင်းသမား Danny Fenster ကို ပြန်လွှတ်၊ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်ထားတဲ့ ပို့ကုန်သွင်းကုန်ဥပဒေနဲ့ ဆက်သွယ်ရေး ဥပဒေတွေ ချိုးဖောက်တယ်ဆိုတဲ့ အမှု ၂ ခုအတွက် ဒီဇင်ဘာ ၆ ရက်နေ့မှာ ၂ ဘက် အပြီးသတ် လျှောက်ထားရမယ်၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ယိုဟီ ဆာဆာကာဝါဟာ ရခိုင်ပြည်နယ်ကို ဒုတိယအကြိမ်ရောက်
၂၀၂၁ ခုနှစ် ၊ နိုဝင်ဘာလ ၁၅ ရက်၊ တနင်္လာနေ့ ညပိုင်း ဗွီအိုအေ ရေဒီယို/ရုပ်သံ
ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာသတင်း၊ Mr. Yohei Sasakawa ရဲ့ မြန်မာနိုင်ငံခရီးစဉ်၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ အမှုတွေ နောက်ဆုံးအခြေအနေ၊ ကချင်ပြည်နယ်က တိုက်ပွဲတွေနဲ့ စစ်ပြေးဒုက္ခသည်တွေအခြေအနေ၊ စစ်ကိုင်းတိုင်းအတွင်းက တိုက်ပွဲနောက်ဆုံးအခြေအနေ၊ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလော့ဂ်ဂါတွေ ပြောသမျှနဲ့ သက်တံရောင်သတင်းလွှာတို့ကို နားဆင်ရဖို့ရှိပါတယ်။