TV
ဗွီအိုအေ မြန်မာပိုင်း ဗုဒ္ဓဟူးနံနက်ခင်း (နိုဝင်ဘာလ ၂၄ ရက်)
ဗွီအိုအေ မြန်မာပိုင်း ဗုဒ္ဓဟူးနံနက်ခင်း (နိုဝင်ဘာလ ၂၄ ရက်) လောင်စာဆီဈေး ကြီးမြင့်မှု နိုင်ငံကြီး ၅ ခု ပူးတွဲ ဖြေရှင်းမယ့် သတင်းအပါအ၀င် နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ ရန်ကုန်တိုင်းအတွင်း အသေးစားပေါက်ကွဲမှုတချို့ရှိခဲ့တဲ့အခြေအနေ၊ နယ်စပ်မူးယစ်ဂိုဏ်း ဝင် ၆ ဦးကို ထိုင်းနယ်ခြားစောင့်တွေ အသေမိခဲ့ကြောင်း သတင်းပေးပို့ချက် ကိုဗစ်လွန် ပြန်လည်ထူထောင်ရေး နှင့် မြန်မာ့အခက်အခဲ စတာတွေနဲ့အတူ အင်္ဂါနေ့ည ဆွေးနွေးခန်း၊ အမေရိကန်နိုင်ငံရေးအကြောင်း သိကောင်းစရာ တို့ကို တင်ဆက်မှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၂၄-၂၀၂၁)
ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်က ဂရုဏာဆေးပေးခန်းကနေ စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးသွားခဲ့တဲ့ ဆရာဝန်နဲ့ ဆေးဝန်ထမ်းတွေ ပြန်လွတ်လာ၊ ရိုဟင်ဂျာ ဒုက္ခသည်တွေ ကို Bhashan Char ကျွန်း ကို ပို့နေတာ ပြန်စမယ်၊ တောင်ကိုရီးယားနိုင်ငံမှာ Delta ကိုဗစ်မျိုးကွဲကြောင့် ကူးစက်သူ ပိုတိုးလာနေ
VOA ရေဒီယိုညပိုင်း နိုဝင်ဘာ၂၄၊၂၀၂၁
မြန်မာဘီယာလုပ်ငန်းဖျက်သိမ်းဖို့ ဦးပိုင်ကုမ္ပဏီက တရားရုံးလျှောက်ထား၊ NUG ရဲ့ ငွေတိုက်စာချုပ် ပြည်တွင်းပြည်ပမြန်မာတွေစိတ်ဝင်စား၊ လွိုင်ကော်မြို့ ကတ်သလစ်ဘုရားကျောင်းဆေးခန်း ဖမ်းဆီးခံရသူတွေပြန်လွတ်၊ ကန်ပက်လက်မြို့တွင်းတိုက်ခိုက်မှု ထွေ/အုပ်ရုံးနဲ့လဝကရုံးမီးလောင်ပျက်စီး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ မြန်မာ့သတင်းသုံးသပ်ချက်နဲ့ အားကစားအစီအစဉ်တွေကို ထုတ်လွှင့်ပေးဖို့ရှိပါတယ်။