TV
ဗွီအိုအေ မြန်မာနံနက်ခင်း နိုဝင်ဘာလ ၉၊ ၂၀၂၁။
မြန်မာ့ နိုင်ငံရေး အကြပ်အတည်းကိစ္စကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တနလာင်္နေ့က တံခါးပိတ် ဆွေးနွေးခဲ့ကြပါတယ်။ လွှတ်တော်မရှိလို့ ပြည်သူတွေ အခက်ကြုံရတဲ့ အခြေအနေ၊ မြန်မာ့ ပြည်တွင်းစစ် ရှည်ကြာနေရတဲ့ အကြောင်းရင်း စတဲ့ သတင်းဆောင်းပါးတွေနဲ့ အတူ စီးပွားရေး၊ ဘလော့ဂါတွေ ပြောသမျှနဲ့ သက်တန့်ရောင် သတင်းလွှာ အစီအစဉ်တို့ကို ဒီမနက်ခင်းမှာ နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၀၉-၂၀၂၁)
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်ထားတဲ့ အမှုတခုအတွက် ရှေ့လထဲမှာ စီရင်ချက် ချနိုင်ဖွယ်ရှိ၊ မြန်မာနိုင်ငံအတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီ လိုအပ်နေသူတွေကို ထောက်ပံ့နိုင်အောင် ခွင့်ပြုကြဖို့ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးကို ကုလသမဂ္ဂက တောင်းဆို၊ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက အလုပ်သမားတွေကို ပြန်လက်ခံတော့မယ်လို့ ထိုင်းအစိုးရတာဝန်ရှိသူတဦးပြော
VOA ရေဒီယိုညပိုင်း နိုဝင်ဘာ၉၊၂၀၂၁
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ထောင်ဒဏ်၇၅နှစ်ချမှတ်ခံရ၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်ဘက်တိုက်ပွဲတွေဖြစ်ပွါး၊ ထိုင်းနိုင်ငံတွင်း အထောက်အထားမဲ့မြန်မာနိုင်ငံသားသုံးထောင်နီးပါး တပတ်အတွင်းဖမ်းဆီးရမိ စတဲ့သတင်းတွေနဲ့ အတူ အပတ်စဉ်ကဏ္ဍတွေမှာတော့ အမေရိကန်နိုင်ငံရေး အကြောင်း သိကောင်းစရာနဲ့ လက်ရှိနိုင်ငံရေး အကြပ်အတည်း ဖြေရှင်းနိုင်ဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ဘာတွေကြိုးပမ်းဆောင်ရွက်နေသလဲ ဆက်သွယ်မေးမြန်းချက် စတဲ့ အစီအစဉ်တွေကို နားဆင်ရပါမယ်။