TV
ဗွီအိုအေ မြန်မာပိုင်း ကြာသပတေးနံနက်ခင်း (နိုဝင်ဘာလ ၂၅ ရက်)
ဗွီအိုအေ မြန်မာပိုင်း ကြာသပတေးနံနက်ခင်း (နိုဝင်ဘာလ ၂၅ ရက်) ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြုမယ့် ကိုယ်စားလှယ်နေရာအတွက် ဒီဇင်ဘာ ၁ ရက်ဆွေးနွေးမယ့် သတင်းနဲ့အတူ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ မုံရွာ-မန္တလေးလမ်းမပေါ် စစ်ကောင်စီကားတန်းမိုင်းဆွဲခံရ တဲ့အခြေအနေ၊ နိုဝင်ဘာလတွင်း ထိုင်းနိုင်ငံထဲ အထောက်ထားမဲ့မြန်မာလုပ်သားအများအပြားဝင်ရောက်လာတဲ့အကြောင်းသတင်းပေးပို့ချက် စတာတွေနဲ့အတူ ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ လူထုနဲ့ကျန်းမာရေး၊ အားကစားကဏ္ဍ စတာတွေကို တင်ဆက်မှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၂၅-၂၀၂၁)
ဒေါ်အောင်ဆန်းစုကြည်၊ သူ့ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell နဲ့ NLD ဝန်ကြီး ၃ ယောက်အပေါ် တရားစွဲထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ဖောက်ဖျက်တယ်ဆိုတဲ့ အမှုအတွက် တရားလိုကို စတင်စစ်ဆေး၊ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုမယ့်သူ နေရာအတွက် စိစစ်လက်ခံရေးကော်မတီ ဒီဇင်ဘာလမှာ ဆွေးနွေးမည်၊ အာရှ-ဥရောပ ASEM ထိပ်သီးဆွေးနွေးပွဲကို မြန်မာဘက်က ကိုယ်စားလှယ် မပါဘဲ အွန်လိုင်းက စတင်
ကြာသပတေးည ရေဒီယို/ရုပ်သံလွှင့်အစီအစဉ်
နိုဝင်ဘာ ၂၅ - ASEM ထိပ်သီးအစည်းအဝေး စစ်ကောင်စီကိုယ်စားလှယ်မပါဘဲ ကျင်းပတဲ့သတင်းအပါအဝင် မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာသတင်းများ၊ ဒေါ်အောင်ဆန်းစုကြည်ပါ ငါးဦးအမှု တရားလိုစတင်စစ်ဆေး၊ ထန်တလန်မှာ နောက်ထပ် နေအိမ် ၅၀ နီးပါး မီးလောင်ပျက်စီး၊ ဒီးမော့ဆိုမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲဖြစ်၊ မိုးညှင်းအနီး KIA စခန်းကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်။ သီတင်းပတ်စဉ် - မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာ။