TV
ဗွီအိုအေ မြန်မာနံနက်ခင်း နိုဝင်ဘာလ ၇၊ ၂၀၂၁။
စစ်အာဏာသိမ်းပြီး မတည်မငြိမ် အခြေအနေကြောင့် မန္တလေး ကျောက်တန်းက အရောင်းအ၀ယ်တွေ ထိခိုက်၊ ထိုင်းဘက်မှာ မြန်မာ လုပ်သားတွေ ကားမတော်တဆမှု ဖြစ်ခဲ့တဲ့ အကြောင်း၊ ဖယ်ဒရယ်လား ကွန်ဖယ်ဒရယ်လား ဆိုတဲ့ ကိစ္စ သုံးသပ်ထားတဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင် ကမ္ဘာ အစီအစဉ်၊ ချင်းပြည်နယ် လူသားချင်း စာနာမှု အရေး ပြသနာ ဆွေးနွေးထားတဲ့ စနေညချမ်း ဆွေးနွေးခန်းတို့ကို ထုတ်လွှင့်ပေးမှာပါ။

တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (နိုဝင်ဘာ ၀၇၊ ၂၀၂၁)
စစ်အာဏာသိမ်း ၉ လကျော်ကြာချိန် နိုင်ငံရေး၊ စီးပွားရေး၊ အခြေအနေအရပ်ရပ် အနေအထား သတင်းထောက်မှတ်စု၊ ကာကွယ်ဆေးထိုးပြီးသူများ ဘာ့ကြောင့် နှာခေါင်းစည်း ဆက်တပ်သင့် လူထုနဲ့ကျန်းမာရေး၊ ကမ္ဘာတလွှားခရီးသွား၊ မကြေးမုံအင်္ဂလိပ်စာနဲ့ သတင်းထဲက သုတ၊ ဒီအစီအစဉ်တွေကို ၂၀၂၁ နိုဝင်ဘာ ၇ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရဒေီယိုညပိုင်း နိုဝင်ဘာ၇၊၂၀၂၁
ထိုင်းနိုင်ငံတွင်း အထောက်အထားမဲ့မြန်မာနိုင်ငံသားတွေ ဝင်ရောက်မှု နှစ်ဆတက်လာတယ်လို့ ထိုင်းအရာရှိတွေပြောဆိုတဲ့သတင်းနဲ့ အပတ်စဉ်အစီအစဉ်တွေမှာတော့ မြန်မာနဲ့ နိုင်ငံတကာအပတ်စဉ်သတင်းချုပ်၊ လူမှုကွန်ယက်ပေါ်က အမုန်းစကားပျံနှံမှုနဲ့ သက်ရောက်မှုအကြောင်းပြောထားတဲ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှ ပေးစားများနဲ့ သတင်းထဲကသုတအစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။