TV
ဗွီအိုအေ မြန်မာပိုင်း ဗုဒ္ဓဟူးနံနက်ခင်း (နိုဝင်ဘာ ၁၀ ရက်)
ဗွီအိုအေ မြန်မာပိုင်း ဗုဒ္ဓဟူးနံနက်ခင်း (နိုဝင်ဘာ ၁၀ ရက်) ဒေသခံ ကုလဝန်ထမ်း ၂၀ ကျော် အီသီယိုပီးယား ဖမ်းဆီးလိုက်တဲ့သတင်းနဲ့အတူ မြန်မာ့အရေး နိုင်ငံတကာ ဝိုင်းဝန်းဖြေရှင်းဖို့ အတွင်းရေးမှူးချုပ် တိုက်တွန်းလိုက်တဲ့အကြောင်း၊ ယင်းမာပင်အနီး စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တိုက်ပွဲဖြစ်ခဲ့တာ၊ ပြင်ပ ဒေါ်လာ ဝယ်ရောင်းဈေးနှုန်း ဗဟိုဘဏ် သတ်မှတ် လိုက်တာ စတာတွေနဲ့အတူ အင်္ဂါညဆွေးနွေးခန်း၊ အမေရိကန်နိုင်ငံရေးအကြောင်းသိကောင်းစရာ စတာတွေကို တင်ဆက်မှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၁၀-၂၀၂၁)
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမေရိကန် သတင်းသမား Danny Fenster ကို သွေးထိုးလှုံ့ဆော်မှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့နဲ့ ထပ်ပြီးစွဲချက်တင်၊ နိုင်ငံတွေအကြား မညီမျှမှုတွေဟာ တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ အဓိက အကြောင်းအရာတွေအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ပြော၊ NUG အမျိုးသား ညီညွတ်ရေးအစိုးရဟာ ဆန့်ကျင်ဖက် အင်အားစုတွေကို လုပ်ကြံဖို့ စာရင်းတခုကို ပြုစုထားတဲ့ သတင်းတွေ ထွက်ပေါ်နေတာဟာ မမှန်ကန်ကြောင်း NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာ ငြင်း
VOA ရေဒီယိုညပိုင်း နိုဝင်ဘာ၁၀၊၂၀၂၁
လုပ်ကြံစာရင်းဆိုတာမျိုး NUG မှာ ရည်ရွယ်ချက်ရော မူဝါဒပါမရှိဟု NUG ဝန်ကြီး ဒေါ်ဇင်မာအောင်ပြောဆို၊ ”တရားလက်လွတ်သတ်ဖြတ်မှုတွေကြောင့် ပြည်သူများမလုံခြုံမှုခံစားရဟု ၈၈ ဦးကိုကိုကြီးပြောဆို၊ ရခိုင် မောင်တောမှာ မြန်မာစစ်တပ်နဲ့ AA စစ်ရေးတင်းမာ. စတဲ့သတင်းတွေနဲ့အတူ အပတ်စဉ်အစီအစဉ်တွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ သတင်းပတ်စဉ်သုံးသပ်ချက်နဲ့ အားကစားအစီအစဉ်တွေ ထုတ်လွှင့်ပေးဖို့ရှိပါတယ်။