အရွေးကောက်ခံ သမ္မတဒေါ်နယ်ထရန့်ဟာ ဘီလီယံနာသူဌေးကြီး Scott Bessent ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် လျာထားလိုက်ကြောင်း သောကြာနေ့ညက ကြေညာခဲ့ပါတယ်။
သမ္မတဟောင်း Donald Trump ဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်မှာ ပြစ်မှု ၃၄ မှုကို ကျုးလွန်ခဲ့တဲ့အကြောင်း နယူးယောက် တရားရုံးက ပြီးခဲ့တဲ့ မေလက ဆုံးဖြတ်ခဲ့ပါတယ်။ အခု သူရွေးကောက်ခံသမ္မတ ဖြစ်လာတဲ့အတွက် ဒီအမှုတွေနဲ့ ပတ်သက်လို့ ရှေ့ ဆက်ဘယ်လို အရေးယူနိုင်ချေရှိပါလဲ။ ကိုသိန်းထိုက်ဉီး ပြောပြပါလိမ့်မယ်။
Trump အစိုးရသစ်မှာ နိုင်ငံတော်ရှေ့နေချုပ်အဖြစ် ဖလော်ရီဒါပြည်နယ် ရှေ့နေချုပ်ဟောင်း Pam Bondi ကို ပထမရွေးချယ်ထားတဲ့ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်ဟောင်း Matt Gaetz က သူဒီတာဝန်မယူတော့ဘူးလို့ ကြာသပတေးနေ့က X လူမှုကွန်ရက်မှာ ကြေညာပြီး နာရီပိုင်းမှာပဲ ရွေးကောက်ခံသမ္မတ Donald Trump က ရွေးချယ်လိုက်ပါတယ်။
လာအိုနိုင်ငံမှာ မက်သနောအဆိပ်သင့်နေတဲ့ အရက်သောက်သုံးမိလို့ သေဆုံးသူ ၆ ယောက် ရှိသွားခဲ့ပြီး နောက် လာအိုသွားလည်မယ့် အမေရိကန်နိုင်ငံသားတွေကို အမေရိကန်နိုင်ငံခြားရေးဌာနက ကျန်းမာရေးသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရသွားပေမယ့် သမ္မတရာထူး စတင်တာဝန်ယူဖို့ ကြားမှာ ရက်သတ္တပတ် ၁၁ ပတ်နီးပါး စောင့်ရမှာဖြစ်ပြီး အစိုးရသစ်တရပ်ဖွဲ့စည်းဖို့ အချိန် ၇၆ ရက် ရပါတယ်။ အကူးအပြောင်းကာလ ပြင်ဆင်လုပ်ဆောင်မှုတွေအကြောင်း VOA ပုံပြရုပ်သံကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
ပြည်ထောင်စုရှေ့နေချုပ်အဖြစ် အရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် တာဝန်ပေးဖို့ စဉ်းစားနေသူ- အမည်စာရင်းကနေ သူနှုတ်ထွက်ကြောင်း ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်ဟောင်း Matt Gaetz က လူမှုမီဒီယာ X ကနေ ကြေညာပါတယ်။
အင်တာနက်ကနေ အချက်အလက်ရှာဖွေတဲ့နေရာမှာ ကမ္ဘာကျော် Google ကုမ္ပဏီအနေနဲ့ လက်ဝါးကြီး အုပ်ထိန်းချုပ်ထားတာတွေ ဆက်မလုပ်နိုင်အောင် ကာကွယ်ဖို့ Google ကုမ္ပဏီကိုခွဲထုတ်ဖို့ အမေရိကန်တရားရေးဌာနက တောင်းဆိုလိုက်ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် အိန္ဒိယနိုင်ငံက ဘီလျံနာ Gautam Adani ကို သူနဲ့ သူ့လက်အောက်က ကုမ္ပဏီအုပ်စုတွေဟာ အိန္ဒိယမှာ နေစွမ်းအင်စီမံကိန်းအတွက် အာဏာပိုင်တွေကို ကန်ဒေါ်လာသန်း ၂၅၀ ကျော်လောက် လာဘ်ထိုးခဲ့ရတာကို ရင်းနှီးမြှုပ်နှံတဲ့သူတွေကိုပြောဖို့ ပျက်ကွက် တာကြောင့် အမေရိကန်က တရားစွဲလိုက်ပါတယ်။
ရွေးကောက်ခံသမ္မတ Trump က ပြည်ထောင်စုရှေ့နေချုပ်တာဝန်ပေးဖို့လျာထားတဲ့ လွှတ်တော်အမတ်ဟောင်း Matt Gaetz အပေါ် အသက်မပြည့်သေးသူနဲ့ လိင်ဆက်ဆံမှု၊ မူးယစ်ဆေးသုံးမှု စတဲ့စွပ်စွဲချက်တွေနဲ့ အောက်လွှတ်တော်ကျင့်ဝတ်ဆိုင်ရာကော်မတီအစီရင်ခံစာ ထုတ်ပြန်သင့် မသင့် ဘုံသဘောတူမှုမရခဲ့ဘူးလို့ Democrat အမတ်တွေက ပြောပါတယ်။
အမေရိကန် ရွေးကောက်ခံ သမ္မတ Donald Trump က သူ့ကို အချိန်တော်အကြာကတည်းက ထောက်ခံခဲ့သူ ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် Matt Gaetz ကို အမေရိကန် ပြည်ထောင်စုရဲ့ အမြင့်ဆုံးတရားစီရေး ရှေ့နေချုပ် ရာထူးနေရာအတွက် လျာထားလိုက်ပါတယ်။
ရွေးကောက်ခံ သမ္မတ Donald Trump က သူ့အစိုးရသစ် တက်လာတဲ့အခါ လူဝင်မှုကြီးကြပ်ရေးကို ပိုပြီးတော့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်မယ့်အကြောင်း ပြောဆိုထားပါတယ်။
မြောက်အတ္တလန်တိတ် စစ်ရေး မဟာမိတ်အဖွဲ့ နေတိုး အဖွဲ့ဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် သူ့ရဲ့ သစ္စာခံ Matthew Whitaker ကို ဗုဒ္ဓဟူးနေ့က အဆိုပြုလိုက်ပါတယ်။ နေတိုး အဖွဲ့ က အမေရိကန် ထည့်ဝင်ငွေ အပေါ် အားထားနေတာကို ထရမ့် က ဝေဖန်နေခဲ့တာ ကြာပါပြီ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။