အစ္စရေးနဲ့ဟက်ဇ်ဘိုလာအဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်အထူးကိုယ်စားလှယ် Amos Hochstein ဟာ ဒီကနေ့ပဲ လက်ဘနွန်မြို့တော် ဘေရွတ်ကိုသွားပြီး ဟက်ဇ်ဘိုလာနဲ့ ကြားဝင် ညှိနှိုင်းပေးနေတဲ့ လက်ဘနွန်လွှတ်တော်ဥက္ကဋ္ဌ Nabih Berri နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း West Bank မှာ အခြေချ နေထိုင်နေကြတဲ့ ဂျူးတွေက Donald Trump သမ္မတ ပြန်ဖြစ်လာတာအပြင်၊ Mike Huckabee ကို အစ္စရေးဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ခန့်အပ်လာတာကို ကြိုဆိုလိုက်ပါတယ်။ ဂါဇာဒေသမှာလည်း နယ်မြေ သိမ်းပိုက်ပြီး အခြေချနေထိုင်နိုင်ဖို့ မျှော်လင့်ကြောင်း သူတို့က ပြောကြပါတယ်။
ရွေးကောက်ခံသမ္မတ Donald Trump က Winsconsin ပြည်နယ် အောက်လွှတ်တော်အမတ်ဟောင်း Sean Duffy ကို သယ်ယူပို့ဆောင်ရေးဝန်ကြီးခန့်ထားဖို့ အဆိုပြုလိုက်ပြီး ဒီရာထူးဟာ ဒေါ်လာ သန်းဘီလျံ ၁၁၀ ဖိုး လေကြောင်းပို့ဆောင်ရေးရှိတဲ့ လေကြောင်း၊ ကားလမ်း၊ ရထားလမ်းနဲ့ တခြား သယ်ယူပို့ဆောင်ရေး မူဝါဒတွေကို တာဝန်ယူမှာဖြစ်ပါတယ်။
အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို တာဝန်ယူဖို့ အချိန် ၂ လ လောက် လိုသေးပေမဲ့လည်း သူ စတင်ဆောင်ရွက်မယ့် ပြည်တွင်း ဦးစားပေး အစီအစဉ်တွေကိုတော့ ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲ အနိုင်ရကြောင်း ကြေညာတဲ့နေ့တွေမှာ ပြောဆိုထားပြီး ဖြစ်ပါတယ်။
“ကမ္ဘာ့ဘဏ်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (IDA) ကို လာမယ့် ၃ နှစ်အတွင်း ဒေါ်လာ ၄ ဘီလီယံ ထည့်ဝင်ဖို့ အမေရိကန် ပြည်ထောင်စုက ကတိကဝတ်ပြုကြောင်း ဂုဏ်ယူစွာနဲ့ ကျွန်တော် အခု ကြေညာလိုက်ပါတယ်။” လို့ သမ္မတ ဘိုင်ဒန်က G 20 ခေါ် စီးပွါး အင်အားကြီး နိုင်ငံ ၂၀ ရဲ့ ထိပ်သီး အစည်းအဝေးမှာ ပြောသွားခဲ့တာပါ။
ရွေးကောက်ခံ သမ္မတ Donald Trump ရဲ့ အစိုးရအဖွဲ့ထဲမှာ အရေးကြီးတဲ့ တာဝန်ယူဖို့ အဆိုပြုထားသူတွေထဲက ကာကွယ်ရေးဝန်ကြီးအဖြစ် အဆိုပြုထားတဲ့ Fox ရုပ်သံ သတင်းကြေညာသူ Pete Hegseth နဲ့ ရှေ့နေချုပ်အဖြစ် အဆိုပြုထားတဲ့ အောက်လွှတ်တော်အမတ်ဟောင်း Matt Gaetz တို့နှစ်ယောက်စလုံး လိင်ပိုင်းဆိုင်ရာ အရှုပ်အထွေးတွေနဲ့ ငြိစွန်းမှုတွေ ရှိခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရပါတယ်။
ဖိလစ်ပိုင်နဲ့ အမေရိကန်ကြား စစ်ထောက်လှမ်းရေးဆိုင်ရာသတင်းဖလှယ်ရေး သဘောတူညီချက်တရပ်ကို ဒီကနေ့လက်မှတ်ရေးထိုး လိုက်ပါတယ်။
သမ္မတ ဂျိုးဘိုင်ဒန်ဟာ အမေဇုံ အမြဲစိမ်းသစ်တောကြီးထဲကို ခြေချခဲ့တဲ့ ပထမဆုံးအမေရိကန်သမ္မတတဦး ဖြစ်လာပါတယ်။
အမေရိကန်တို့ ထောက်ပံ့ထားတဲ့ တာဝေးပစ်ဒုံးလက်နက်တွေနဲ့ ရုရှားနိုင်ငံတွင်း ပစ်ခတ်တိုက်ခိုက်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းကို ပထမဆုံး ခွင့်ပြုလိုက်တယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက အေပီသတင်းဌာနကို ပြောပါတယ်။
လက်ဘနွမ်နိုင်ငံ၊ ဘေရွတ်မြို့ထဲ တနင်္ဂနွေနေ့က အစ္စရေးလ်တို့လေကြောင်းတိုက်ခိုက်မှုမှာ ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့ ပြောခွင့်ရသူ သေဆုံးသွားပါတယ်။
ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားရေးဝန်ကြီး အဖြစ် အဆိုပြုထားတဲ့ မာကိုရူဘီယိုဟာ မြန်မာ့အရေးကိုလည်း သိသူ ဖြစ်လို့ မြန်မာအရေး လှုံဆော်နေကြသူတွေကတော့ ဒီ ရွေးချယ်မှုကို ကြိုဆိုလိုက်ပေမယ့် ထရမ့် အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒါကိုတော့ မေးခွန်းထုတ်ကြပါတယ်။ ကိုငြိမ်းချမ်းအေးက တင်ပြထားပါတယ်။
ရွေးကောက်ခံသမ္မတ Donald Trump က အစိုးရသစ်အတွက် ပြင်ဆင်နေရာမှာ စွမ်းအင်ဝန်ကြီးဌာနကို ဦးဆောင်ဖို့ ရေနံလုပ်ငန်း ဝန်ဆောင်မှုကုမ္ပဏီပိုင်ရှင် Chris Wright ကို ရွေးချယ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။