အင်တာနက်ကနေ အချက်အလက်ရှာဖွေတဲ့နေရာမှာ ကမ္ဘာကျော် Google ကုမ္ပဏီအနေနဲ့ လက်ဝါးကြီး အုပ်ထိန်းချုပ်ထားတာတွေ ဆက်မလုပ်နိုင်အောင် ကာကွယ်ဖို့ Google ကုမ္ပဏီကိုခွဲထုတ်ဖို့ အမေရိကန်တရားရေးဌာနက တောင်းဆိုလိုက်ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် အိန္ဒိယနိုင်ငံက ဘီလျံနာ Gautam Adani ကို သူနဲ့ သူ့လက်အောက်က ကုမ္ပဏီအုပ်စုတွေဟာ အိန္ဒိယမှာ နေစွမ်းအင်စီမံကိန်းအတွက် အာဏာပိုင်တွေကို ကန်ဒေါ်လာသန်း ၂၅၀ ကျော်လောက် လာဘ်ထိုးခဲ့ရတာကို ရင်းနှီးမြှုပ်နှံတဲ့သူတွေကိုပြောဖို့ ပျက်ကွက် တာကြောင့် အမေရိကန်က တရားစွဲလိုက်ပါတယ်။
ရွေးကောက်ခံသမ္မတ Trump က ပြည်ထောင်စုရှေ့နေချုပ်တာဝန်ပေးဖို့လျာထားတဲ့ လွှတ်တော်အမတ်ဟောင်း Matt Gaetz အပေါ် အသက်မပြည့်သေးသူနဲ့ လိင်ဆက်ဆံမှု၊ မူးယစ်ဆေးသုံးမှု စတဲ့စွပ်စွဲချက်တွေနဲ့ အောက်လွှတ်တော်ကျင့်ဝတ်ဆိုင်ရာကော်မတီအစီရင်ခံစာ ထုတ်ပြန်သင့် မသင့် ဘုံသဘောတူမှုမရခဲ့ဘူးလို့ Democrat အမတ်တွေက ပြောပါတယ်။
အမေရိကန် ရွေးကောက်ခံ သမ္မတ Donald Trump က သူ့ကို အချိန်တော်အကြာကတည်းက ထောက်ခံခဲ့သူ ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် Matt Gaetz ကို အမေရိကန် ပြည်ထောင်စုရဲ့ အမြင့်ဆုံးတရားစီရေး ရှေ့နေချုပ် ရာထူးနေရာအတွက် လျာထားလိုက်ပါတယ်။
ရွေးကောက်ခံ သမ္မတ Donald Trump က သူ့အစိုးရသစ် တက်လာတဲ့အခါ လူဝင်မှုကြီးကြပ်ရေးကို ပိုပြီးတော့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်မယ့်အကြောင်း ပြောဆိုထားပါတယ်။
မြောက်အတ္တလန်တိတ် စစ်ရေး မဟာမိတ်အဖွဲ့ နေတိုး အဖွဲ့ဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် သူ့ရဲ့ သစ္စာခံ Matthew Whitaker ကို ဗုဒ္ဓဟူးနေ့က အဆိုပြုလိုက်ပါတယ်။ နေတိုး အဖွဲ့ က အမေရိကန် ထည့်ဝင်ငွေ အပေါ် အားထားနေတာကို ထရမ့် က ဝေဖန်နေခဲ့တာ ကြာပါပြီ။
SpaceX ကုမ္ပဏီက လနဲ့အင်္ဂါဂြိဟ်အထိ လူနဲ့ပစ္စည်းတွေ ပို့ဆောင်ဖို့ ရည်ရွယ်တဲ့ ကမ္ဘာ့အကြီးဆုံး Starship ဒုံးပျံကို နောက်တစ်ကြိမ် စမ်းသပ်လွှတ်တင်ခဲ့ပါတယ်။ ဆဌမမြောက် စမ်းသပ်လွှတ်တင်မှုမှာ တွန်းအားပေးဒုံးကို ပြန်လည်ဖမ်းဆီးဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ပေမယ့် အာကာသယာဉ် ပျံသန်းမှုကတော့ အောင်မြင်ခဲ့ပါတယ်။
ရုရှားနဲ့ယူကရိန်းကြား ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာပဲ ဒရုန်းတွေနဲ့နေရာအတော်များများကို အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ ယူကရိန်းတပ်တွေအတွက် မိုင်းလက်နက်တွေ မကြာခင်ထောက်ပံ့မယ့်အကြောင်း အမေရိကန်က အတည်ပြုခဲ့တာပါ။
လာအိုနိုင်ငံ Vientiane မြို့မှာ ကျင်းပနေတဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin တက်ရောက်ပြီး အလွတ်သဘော ပါဝင်ဆွေးနွေးပါတယ်။ အမေရိကန
ရွေးကောက်ခံသမ္မတ Donald Trump က ပညာရေးဌာနကိုဦးဆောင်ဖို့ သူ့ရဲ့ အရင်သမ္မတသက်တမ်းအတွင်း အသေးစားလုပ်ငန်းကြီးကြပ်ရေးဌာန အကြီးအကဲတာဝန်ယူခဲ့ဖူးပြီး ကမ္ဘာ့နပန်းပြိုင်ပွဲ ဖျော်ဖြေရေးအစီအစဥ်တွေမှာ ဆယ်စုနှစ်တွေနဲ့ချီ ဦးဆောင် ကူညီဆောင်ခဲ့သူ Linda McMahon ကို အဆိုပြုရွေးချယ်ကြောင်း နိုဝင်္ဘာ ၂၀ မှာကြေညာပါတယ်။
Cantor Fitzgerald ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းကြီးရဲ့ အမှုဆောင် အရာရှိချုပ်နဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ Lutnick ဟာဆိုရင် ဘဏ္ဍာရေး ဝန်ကြီး ရာထူး နေရာ အတွက် စဉ်းစားထားခဲ့ရတာ ဖြစ်တယ်လို့လည်း ပြောကြပါတယ်။
အစ္စရေးနဲ့ဟက်ဇ်ဘိုလာအဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်အထူးကိုယ်စားလှယ် Amos Hochstein ဟာ ဒီကနေ့ပဲ လက်ဘနွန်မြို့တော် ဘေရွတ်ကိုသွားပြီး ဟက်ဇ်ဘိုလာနဲ့ ကြားဝင် ညှိနှိုင်းပေးနေတဲ့ လက်ဘနွန်လွှတ်တော်ဥက္ကဋ္ဌ Nabih Berri နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။