ကမ္ဘာကျော်ဘောလုံးသမား မက်ဆီက သူ့ရဲ့ကစားသမားဘဝမှာ အခုလိုအောင်မြင်မှုတွေ ရလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူးလို့ ပြောလိုက်ပါတယ်။ နီပေါနိုင်ငံမှာကျင်းပတဲ့ ၄ နိုင်ငံ ဖိတ်ခေါ်ဘောလုံးပွဲမှာတော့ မြန်မာအမျိုးသမီးအသင်း အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ လွှတ်တော် ၂ ရပ်ပေါင်း ရှေ့မှောက် အင်္ဂါနေ့ညက မိန့်ခွန်းပြောကြားရာမှာ သူ့အစိုးရလက်ထက် စတင်ဆောင်ရွက်ခဲ့တာတွေအပေါ် ဂုဏ်ယူပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ ယူကရိန်းသမ္မတ Zelenskyy တို့ တွေ့ဆုံမှု ကတောက်ကဆ ဖြစ်သွားတဲကိစ္စဟာ ယူကရိန်းစစ် ပြေငြိမ်းရေး အလားအလာကို ဘယ်လောက် ထိခိုက်နိုင်ပါသလဲ။ ဗြိတိန်ဝန်ကြီးချုပ် Kier Starmer နဲ့အတူ ဥရောပခေါင်းဆောင်တွေရဲ့ ကြိုးပမ်းအားထုတ်မှုကကော ဘယ်လို အလားအလာရှိပါလဲ။
မတ်လ (၂) ရက်နေ့မှာကျရောက်တဲ့ တောင်သူလယ်သမားနေ့ ဆိုတာဟာ ဒီမိုကရေစီစနစ်ကို ဖျက်သိမ်းပြီး ပထမဆုံးအာဏာသိမ်းခဲ့တဲ့နေ့ကို စစ်အာဏာရှင်တွေက အဓမ္မ သတ်မှတ်ခဲ့တဲ့နေ့ ဆိုတဲ့ သမိုင်းအမှန်ကို သိရှိကြတဲ့သူတွေ အတော်နည်းပါတယ်။ ဒါနဲ့ပတ်သက်ပြီး လေ့လာထားတဲ့ ကိုခင်မောင်စိုးမင်း က အခုလို စုစည်းတင်ပြလိုက်ပါတယ်။
အီတလီနိုင်ငံတောင်ပိုင်းက Naples မြို့မှာ ကံကောင်းစေဖို့ ဆိုပြီး မကောင်းဆိုးဝါးရန်က အကာကွယ်ပေးတယ်ဆိုတဲ့ ငရုတ်သီးအတောင့်ရှည်လို အဆောင်မျိုးကို တယောက်နဲ့တယောက် လက်ဆောင်ပေးလေ့ရှိကြပါတယ်။ အဲဒီအဆောင်ပစ္စည်းတွေထုတ်လုပ်ရာ Naples မြို့ကို မစုမြတ်မွန်နဲ့အတူ သွားရောက်လေ့လာကြရအောင်ပါ။
န်မာနိုင်ငံဟာ မြေမြှုပ်မိုင်းနဲ့ စစ်ပွဲအတွင်းပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်အကြွင်းအကျန်ပစ္စည်း ကြောင့် ကမ္ဘာမှာ ထိခိုက်ဒဏ်ရာရမှု အများဆုံး နိုင်ငံ ဖြစ်လာတဲ့အကြောင်း Mine Free Myanmar အဖွဲ့ရဲ့ ၂၀၂၄ အတွက် မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေး အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။
ယူကရိန်းနဲ့ ကီလိုမီတာအနည်းငယ်ပဲဝေးတဲ့ ရိုမေးနီးယားနိုင်ငံထဲမှာ နေတိုးတပ်ဖွဲ့ရဲ့ အသစ်ဖွဲ့စည်းထားတဲ့ အလျင်အမြန်တုံ့ပြန်နိုင်တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အင်အားကို စမ်းသပ်နေပါတယ်။ ဒီလေ့ကျင့်မှုနဲ့ နေတိုးရဲ့ ဆင့်ကဲပြောင်းလဲလာပုံအကြောင်း Myroslavsa Gongadze သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
စစ်ပွဲဖြစ်နေတဲ့နေရာတွေ၊ လွတ်မြောက်နယ်မြေတွေမှာ ပြည်သူတွေအနေနဲ့ အနာဂတ်အတွက် ဘယ်လို ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်နေကြသလဲဆိုတာ အဲဒီဒေသတွေကို ကိုယ်တိုင်သွားပြီး ဓါတ်ပုံမှတ်တမ်းတင်နေတဲ့ ကိုရဲအောင်သူကို မစုမြတ်မွန် မေးမြန်းပြီး လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
အွန်လိုင်း လိမ်လည်ဂိုဏ်းတွေကို ပစ်မှတ်ထား ဖြိုခွင်းတဲ့ အနေနဲ့ ထိုင်းနိုင်ငံက မြန်မာ နယ်စပ် ၅ မြို့ကို စက်သုံးဆီ၊ လျှပ်စစ်မီးနဲ့ အင်တာနက် ဖြတ်တောက်လိုက်တာ တလနီးပါး ရှိလာချိန်မှာ ကုန်သွယ်ရေး ကလည်း ထိုးကျနေပါတယ်။
ဒီသီတင်းပတ်အတွင်း ကွန်ဂရက်စ်လွှတ်တော်မှာ အစိုးရ ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီးအမေရိကန်သမ္မတ Donald Trump မိန့်ခွန်းပြောရာမှာ အစိုးရ အကောင်အထည်ဖေါ်ဆောင်ရွက်နေတာတွေ ပါဝင်မယ်လို့ ခန့်မှန်းထားပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
ယူကရိန်း-ရုရှား စစ်ပွဲအရေး ဆွေးနွေးဖို့ ယူကရိန်း သမ္မတZelenskyy နဲ့ ဥရောပခေါင်းဆောင်တွေ တနင်္ဂနွေနေ့က လန်ဒန်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Arash Arabasadi ရဲ့ သတင်းအပြည့်အစုံကို မခင်လေးက ပြောပြပေးပါမယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သမ္မတ Donald Trump အစိုးရ ပထမအကြိမ် ဝန်ကြီးများအဖွဲ့ အစည်းအဝေးမှာ အမေရိကန်အစိုးရ ဝန်ထမ်းအင်အားလျှော့ချတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias သတင်းပေးပို့ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။